Connect with us

Hi, what are you looking for?

ဗီဒီယို

တိုကျိုအိုလံပစ်ဖွင့်ပွဲ စစ်​ကောင်စီကိုယ်စားပြု ယှဥ်ပြိုင်သူ နှစ်ဦးမတက်​ရောက်

ဂျပန် နိုင်ငံတိုကျို မြို့တွင် ယ​နေ့ကျင်းပ​သော တိုကျိုအိုလံပစ် ၂၀၂၀ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်​ကောင်စီ ကိုယ်စားပြု သွား​ရောက်ယှဥ်ပြိုင်​သော အားကစားသမားနှစ်ဦး တက်​ရောက်ခြင်းမရှိ​​ပေ။


“အခမ်းအနား​ကြေညာသူက မြန်မာတွင်စစ်တပ်၏ အာဏာသိမ်းမှုနှင့် ပြည်သူများအ​ပေါ် ဖိနှိပ်​နေမှုများကို​ကြေညာ”

ဂျပန် နိုင်ငံတိုကျို မြို့တွင် ယ​နေ့ကျင်းပ​သော တိုကျိုအိုလံပစ် ၂၀၂၀ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်​ကောင်စီ ကိုယ်စားပြု သွား​ရောက်ယှဥ်ပြိုင်​သော အားကစားသမားနှစ်ဦး တက်​ရောက်ခြင်းမရှိ​​ပေ။

တိုကျို အိုလံပစ်တွင် အာဏာသိမ်းစစ်​ကောင်စီ ကိုယ်စားပြု၍ ကြက်​တောင်လက်​ရွေးစဥ် သက်ထားသူဇာနှင့် ၁၀ မီတာ အမျိုးသား ပစ်စတို ပြိုင်ပွဲတွင် ရဲထွန်း​နောင်တို့က ဝင်​ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်သည်။ သို့​သော် ယ​နေ့ ညတွင်ပြလုပ်​သော တိုကျိုအိုလံပစ် ဖွင့်ပွဲ အခမ်းအနားတွင် ထိုအားကစားသမား နှစ်ဦးစလုံးမတက်​ရောက်ဘဲ မြန်မာနိုင်ငံအလံကိုင်​ဆောင်သူ​ရော ၊ အလံကိုင်​နောက်မှ တစ်ဦးတည်းလိုက်ပါ လာသူ​ရောမှာ ဂျပန် နိုင်ငံသားနှစ်ဦးက ကိုယ်စားပါဝင်​ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအလံကိုင်နှင့် ​နောက်မှပါသူ တစ်ဦးဖြင့် မြန်မာနိုင်ငံကိုမိတ်ဆက်ရာတွင် အခမ်းအနားအစီအစဥ်​ကြေညာသူက “မြန်မာ! ဒီနှစ်ဖေဖော်ဝါရီလမှာ စစ်တပ်ကအာဏာသိမ်းပြီး ပြည်သူလူထုမှ ကန့်ကွက်ဆန္ဒပြမှုတွေရှိနေပြီး စစ်တပ်က ပြည်သူလူထုကို ဖိနှိပ်မှုတွေဆက်တိုက်လုပ်နေပါတယ်။” ဟု​ကြေညာသွားခဲ့သည်။

Public Service Announcement

Public Service Announcement

ပစ္စတိုကစားသမား ရဲထွန်း​နောင်သည် ဇူလိုင် ၂၄ ရက်တွင် ယှဥ်ပြိုင်မည်ဖြစ်ပြီး ၊ကြက်​တောင်မယ် သက်ထားသူဇာသည် ဇူလိုင် ၂၅ ရက်တွင် ယှဥ်ပြိုင်မည်ဖြစ်သည်။ ​အဆိုပါ ကစားသမားနှစ်ဦးမှာ စစ်တပ်အာဏာသိမ်းထားချိန်တွင် နိုင်ငံကိုယ်စားပြု၍ တိုကျိုအိုလံပစ်တွင် ဝင်​ရောက်ယှဥ်ပြိုင်​သော်လည်း ရေကူးလက်​ရွေးစဥ်ကစားသမားဝင်းထက်ဦး သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အ​နေဖြင့် တိုကျို အိုလံပစ်သို့ ဝင်​ရောက်ယှဥ်ပြိုင်ခဲ့ခြင်းမရှိ​ပေ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းခေါင်းဆောင်က ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ လွှတ်ပေး လိုက်တယ်လို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့သတင်းမီဒီယာအချို့က ဖော်ပြလာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။