Connect with us

Hi, what are you looking for?

ဗီဒီယို

တိုကျိုအိုလံပစ်ဖွင့်ပွဲ စစ်​ကောင်စီကိုယ်စားပြု ယှဥ်ပြိုင်သူ နှစ်ဦးမတက်​ရောက်

ဂျပန် နိုင်ငံတိုကျို မြို့တွင် ယ​နေ့ကျင်းပ​သော တိုကျိုအိုလံပစ် ၂၀၂၀ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်​ကောင်စီ ကိုယ်စားပြု သွား​ရောက်ယှဥ်ပြိုင်​သော အားကစားသမားနှစ်ဦး တက်​ရောက်ခြင်းမရှိ​​ပေ။


“အခမ်းအနား​ကြေညာသူက မြန်မာတွင်စစ်တပ်၏ အာဏာသိမ်းမှုနှင့် ပြည်သူများအ​ပေါ် ဖိနှိပ်​နေမှုများကို​ကြေညာ”

ဂျပန် နိုင်ငံတိုကျို မြို့တွင် ယ​နေ့ကျင်းပ​သော တိုကျိုအိုလံပစ် ၂၀၂၀ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်​ကောင်စီ ကိုယ်စားပြု သွား​ရောက်ယှဥ်ပြိုင်​သော အားကစားသမားနှစ်ဦး တက်​ရောက်ခြင်းမရှိ​​ပေ။

တိုကျို အိုလံပစ်တွင် အာဏာသိမ်းစစ်​ကောင်စီ ကိုယ်စားပြု၍ ကြက်​တောင်လက်​ရွေးစဥ် သက်ထားသူဇာနှင့် ၁၀ မီတာ အမျိုးသား ပစ်စတို ပြိုင်ပွဲတွင် ရဲထွန်း​နောင်တို့က ဝင်​ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်သည်။ သို့​သော် ယ​နေ့ ညတွင်ပြလုပ်​သော တိုကျိုအိုလံပစ် ဖွင့်ပွဲ အခမ်းအနားတွင် ထိုအားကစားသမား နှစ်ဦးစလုံးမတက်​ရောက်ဘဲ မြန်မာနိုင်ငံအလံကိုင်​ဆောင်သူ​ရော ၊ အလံကိုင်​နောက်မှ တစ်ဦးတည်းလိုက်ပါ လာသူ​ရောမှာ ဂျပန် နိုင်ငံသားနှစ်ဦးက ကိုယ်စားပါဝင်​ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအလံကိုင်နှင့် ​နောက်မှပါသူ တစ်ဦးဖြင့် မြန်မာနိုင်ငံကိုမိတ်ဆက်ရာတွင် အခမ်းအနားအစီအစဥ်​ကြေညာသူက “မြန်မာ! ဒီနှစ်ဖေဖော်ဝါရီလမှာ စစ်တပ်ကအာဏာသိမ်းပြီး ပြည်သူလူထုမှ ကန့်ကွက်ဆန္ဒပြမှုတွေရှိနေပြီး စစ်တပ်က ပြည်သူလူထုကို ဖိနှိပ်မှုတွေဆက်တိုက်လုပ်နေပါတယ်။” ဟု​ကြေညာသွားခဲ့သည်။

Public Service Announcement

Public Service Announcement

ပစ္စတိုကစားသမား ရဲထွန်း​နောင်သည် ဇူလိုင် ၂၄ ရက်တွင် ယှဥ်ပြိုင်မည်ဖြစ်ပြီး ၊ကြက်​တောင်မယ် သက်ထားသူဇာသည် ဇူလိုင် ၂၅ ရက်တွင် ယှဥ်ပြိုင်မည်ဖြစ်သည်။ ​အဆိုပါ ကစားသမားနှစ်ဦးမှာ စစ်တပ်အာဏာသိမ်းထားချိန်တွင် နိုင်ငံကိုယ်စားပြု၍ တိုကျိုအိုလံပစ်တွင် ဝင်​ရောက်ယှဥ်ပြိုင်​သော်လည်း ရေကူးလက်​ရွေးစဥ်ကစားသမားဝင်းထက်ဦး သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အ​နေဖြင့် တိုကျို အိုလံပစ်သို့ ဝင်​ရောက်ယှဥ်ပြိုင်ခဲ့ခြင်းမရှိ​ပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဏာသိမ်းမယ့် အကြံအစည်မှာ ပါဝင်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုက တရားခွင်မှာ ငြင်းဆန်သွားခဲ့ပါတယ်။

သတင်း

ပြည်သူများဆန္ဒကို လက်နက်ဖြင့် အနိုင်ကျင့်သည့် စစ်အာဏာရှင်များ နားလည်နိုင်မည့် ဘာသာစကားဖြစ်သော လက်နက်ကိုင်လမ်းစဉ်ကို ပြည်သူလူထုတရပ်လုံးက ရွေးချယ်ဆောင်ရွက်ခဲ့ရပြီး နောင်တချိန် အာဏာမသိမ်းရဲအောင် လက်နက်ကိုင်တိုက်ပွဲဝင်နေရခြင်းဖြစ်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောသည်။

သတင်း

စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ကစလို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ တောက်လျှောက် စိုက်ဆင်းနေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်က ဖော်ပြခဲ့ပါတယ်။