Connect with us

Hi, what are you looking for?

News

မီတာခဆောင်ဖို့ မြို့နယ်အချို့မှာလိုက်လံအသိပေး

လစဉ်ကျသင့်တဲ့ မီတာခကို ပေးဆောင်ဖို့ မီတာခတောင်းခံလွှာ လာရောက်ပေးတာရှိပေမယ့် အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အနေနဲ့ မီတာခကို မဆောင်တဲ့ လှုပ်ရှားမှုကိုပြည်သူတွေလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ လျှပ်စစ်မီတာမဆောင်ကြတဲ့အတွက် လစဉ်မီတာခပေးဆောင်ကြဖို့ ရန်ကုန်က မြို့နယ်အချို့မှာ လိုက်လံအသိပေးတာတွေရှိလာပါတယ်။

အဲဒီမြို့နယ်တွေထဲမှာ ကမာရွတ် ၊တာမွေ ၊ မင်္ဂလာတောင်ညွှန့် နဲ့ ဗိုလ်တထောင်မြို့နယ်ပါတယ်လို့ ဒေသခံတွေကတဆင့်သိရပါတယ်။

လစဉ်ကျသင့်တဲ့ မီတာခကို ပေးဆောင်ဖို့ မီတာခတောင်းခံလွှာ လာရောက်ပေးတာရှိပေမယ့် အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အနေနဲ့ မီတာခကို မဆောင်တဲ့ လှုပ်ရှားမှုကိုပြည်သူတွေလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ကစတင်ပြီး မီတာခကို လစဉ်ဆိုသလိုကောက်ခံနေပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုကောက်ခံရာမှာ ဖေဖော်ဝါရီလနဲ့ မတ်လ တွေမှာတော့ ကင်းလွတ်ခွင့် ကျပ်၁၁၅၀၀ ပေးခဲ့ပေမယ့် ဧပြီ၊ မေနဲ့ ဇွန်လတွေမှာတော့ ကင်းလွတ်ခွင့်မပါလာတော့တာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရ လက်ထက်မှာ ကိုဗစ်ကာလအတွင်း ပြည်သူတွေ အဆင်ပြေစေဖို့ လစဉ်မီတာတောင်းခံလွှာမှာ ကျပ် ၁၁၅၀၀ ကို ကင်းလွတ်ခွင့်ပြုခဲ့တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook