Connect with us

Hi, what are you looking for?

LuduNwayOo

News

KNPPနှင့်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် အသေအဆုံးများစွာဖြင့် ဆုတ်ခွာသွားဟုဆို

လွိုင်ကော်မြို့နယ်ရှိ KNPP လှုပ်ရှားနယ်မြေအတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီ၏ တပ်မ ၆၆၊ ခလရ (၅၃၀)၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့် KNPP တို့သည် ဇူလိုင် ၁၂ရက်က နံနက် ၈နာရီမှ ည ၇နာရီအထိ တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့သည်။

လွိုင်ကော်မြို့နယ် ဒေါတဟေးရွာအနီး၌ ဖြစ်ပွားသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် အာဏာသိမ်းစစ်တပ် တို့၏ တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများစွာဖြင့် ဆုတ်ခွာသွားကြောင်း ကရင်နီအဖွဲ့အစည်းအချို့က သတင်းဖော်ပြထားသည်။

လွိုင်ကော်မြို့နယ်ရှိ KNPP လှုပ်ရှားနယ်မြေအတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီ၏ တပ်မ ၆၆၊ ခလရ (၅၃၀)၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့် KNPP တို့သည် ဇူလိုင် ၁၂ရက်က နံနက် ၈နာရီမှ ည ၇နာရီအထိ တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိပြီး ဒေသ သတင်းရစ်မြစ်၏ ပေးပို့ချက်ရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦး သေဆုံးခဲ့ဟု ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)က သတင်းဖော်ပြခဲ့သည်။

KNPP သတင်းနှင့်ပြန်ကြားရေးဌာန KNIC ကလည်း ဒေါတဟေးတိုက်ပွဲတွင် စစ်ကောင်စီတပ်များ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ပစ္စည်းတချို့ ကျန်ခဲ့ကြောင်း ရုပ်သံဖိုင်နှင့်တကွ သတင်းဖော်ပြခဲ့သည်။

KNPPနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင် ၂ရက်နှင့် ၃ရက်ကလည်း လွိုင်ကော်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် မေလ ၂၀ရက်တွင် KNPPနှင့် စစ်ကောင်စီတပ် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ယခု ဇူလိုင်လတွင် တိုက်ပွဲ ၈ကြိမ် ဖြစ်ပွားခဲ့သည်။