Connect with us

Hi, what are you looking for?

News

KNPPနှင့်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် အသေအဆုံးများစွာဖြင့် ဆုတ်ခွာသွားဟုဆို

လွိုင်ကော်မြို့နယ်ရှိ KNPP လှုပ်ရှားနယ်မြေအတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီ၏ တပ်မ ၆၆၊ ခလရ (၅၃၀)၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့် KNPP တို့သည် ဇူလိုင် ၁၂ရက်က နံနက် ၈နာရီမှ ည ၇နာရီအထိ တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့သည်။

လွိုင်ကော်မြို့နယ် ဒေါတဟေးရွာအနီး၌ ဖြစ်ပွားသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် အာဏာသိမ်းစစ်တပ် တို့၏ တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများစွာဖြင့် ဆုတ်ခွာသွားကြောင်း ကရင်နီအဖွဲ့အစည်းအချို့က သတင်းဖော်ပြထားသည်။

လွိုင်ကော်မြို့နယ်ရှိ KNPP လှုပ်ရှားနယ်မြေအတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီ၏ တပ်မ ၆၆၊ ခလရ (၅၃၀)၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့် KNPP တို့သည် ဇူလိုင် ၁၂ရက်က နံနက် ၈နာရီမှ ည ၇နာရီအထိ တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိပြီး ဒေသ သတင်းရစ်မြစ်၏ ပေးပို့ချက်ရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦး သေဆုံးခဲ့ဟု ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)က သတင်းဖော်ပြခဲ့သည်။

KNPP သတင်းနှင့်ပြန်ကြားရေးဌာန KNIC ကလည်း ဒေါတဟေးတိုက်ပွဲတွင် စစ်ကောင်စီတပ်များ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ပစ္စည်းတချို့ ကျန်ခဲ့ကြောင်း ရုပ်သံဖိုင်နှင့်တကွ သတင်းဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

KNPPနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင် ၂ရက်နှင့် ၃ရက်ကလည်း လွိုင်ကော်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် မေလ ၂၀ရက်တွင် KNPPနှင့် စစ်ကောင်စီတပ် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ယခု ဇူလိုင်လတွင် တိုက်ပွဲ ၈ကြိမ် ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။