Connect with us

Hi, what are you looking for?

LuduNwayOo

News

KNUနယ်မြေတွင်နှစ်ရက်အတွင်း တိုက်ပွဲရှစ်ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၁၁ဦးသေဆုံး

တပ်မဟာ(၅)နယ်မြေ မူတြော်ခရိုင်(ဖာပွန်ခရိုင်)အတွင်း ဇူလိုင် ၁၂ရက်နှင့် ၁၃ရက်နေ့များ၌ ဖြစ်ပွားသည့် စစ်ရေးအခြေအနေများကို သတင်းဖော်ပြခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်၌ ထိခိုက်ကျဆုံးမှုမရှိဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၅)နယ်မြေတွင် နှစ်ရက်အတွင်းပစ်ခတ်မှုရှစ်ကြိမ်ဖြစ် ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၁ဦး သေဆုံးကာ ၁၆ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU သတင်းနှင့်ပြန်ကြားရေးဌာန Thoolei Newsက ယနေ့သတင်းဖော်ပြသည်။

တပ်မဟာ(၅)နယ်မြေ မူတြော်ခရိုင်(ဖာပွန်ခရိုင်)အတွင်း ဇူလိုင် ၁၂ရက်နှင့် ၁၃ရက်နေ့များ၌ ဖြစ်ပွားသည့် စစ်ရေးအခြေအနေများကို သတင်းဖော်ပြခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်၌ ထိခိုက်ကျဆုံးမှုမရှိဟု ဆိုသည်။

KNU တပ်မဟာများအနက် တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီနှင့် တိုက်ပွဲများ၊ ကြားဖြတ်တိုက်ခိုက်မှုများ နေ့စဉ်ဖြစ်ပွားနေခြင်းဖြစ်သည်။

ဇူလိုင် ၅ရက်မှ ၇ရက်အကြားတွင်လည်း အဆိုပါ KNU တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲ ၅ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တပ်မဟာ(၅)၏ Mutraw News က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ကြားဖြတ်တိုက်ခိုက်မှုများ နေ့စဉ်နီးပါးဖြစ်ပွားနေကြောင်း ဇွန်လအတွင်းက တိုက်ပွဲရာနှင့်ချီ၍ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်သေဆုံးခဲ့ကြောင်း တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။