Connect with us

Hi, what are you looking for?

News

KNUနယ်မြေတွင်နှစ်ရက်အတွင်း တိုက်ပွဲရှစ်ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၁၁ဦးသေဆုံး

တပ်မဟာ(၅)နယ်မြေ မူတြော်ခရိုင်(ဖာပွန်ခရိုင်)အတွင်း ဇူလိုင် ၁၂ရက်နှင့် ၁၃ရက်နေ့များ၌ ဖြစ်ပွားသည့် စစ်ရေးအခြေအနေများကို သတင်းဖော်ပြခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်၌ ထိခိုက်ကျဆုံးမှုမရှိဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၅)နယ်မြေတွင် နှစ်ရက်အတွင်းပစ်ခတ်မှုရှစ်ကြိမ်ဖြစ် ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၁ဦး သေဆုံးကာ ၁၆ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU သတင်းနှင့်ပြန်ကြားရေးဌာန Thoolei Newsက ယနေ့သတင်းဖော်ပြသည်။

တပ်မဟာ(၅)နယ်မြေ မူတြော်ခရိုင်(ဖာပွန်ခရိုင်)အတွင်း ဇူလိုင် ၁၂ရက်နှင့် ၁၃ရက်နေ့များ၌ ဖြစ်ပွားသည့် စစ်ရေးအခြေအနေများကို သတင်းဖော်ပြခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်၌ ထိခိုက်ကျဆုံးမှုမရှိဟု ဆိုသည်။

KNU တပ်မဟာများအနက် တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီနှင့် တိုက်ပွဲများ၊ ကြားဖြတ်တိုက်ခိုက်မှုများ နေ့စဉ်ဖြစ်ပွားနေခြင်းဖြစ်သည်။

ဇူလိုင် ၅ရက်မှ ၇ရက်အကြားတွင်လည်း အဆိုပါ KNU တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲ ၅ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တပ်မဟာ(၅)၏ Mutraw News က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ကြားဖြတ်တိုက်ခိုက်မှုများ နေ့စဉ်နီးပါးဖြစ်ပွားနေကြောင်း ဇွန်လအတွင်းက တိုက်ပွဲရာနှင့်ချီ၍ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်သေဆုံးခဲ့ကြောင်း တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားလိုသူနည်းလာချိန်မှာ ပုံမှန်‌ကြေးထက် ကျပ်ငါးသိန်းပိုပေးရင် ငါးရက်အတွင်း အမြန်လုပ်ပေးမယ်လို့ စစ်ကောင်စီရဲ့ လက်အောက်ခံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဒီကနေ့ (ဇန်နဝါရီ၁) ကြေညာပါတယ်။

သတင်း

ကရင် အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်ထားဝယ်ခရိုင် ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နဲ့ ပြန်လည် ပူးပေါင်းကြောင်းတနင်္သာရီမြို့နယ်အခြေစိုက် ထီးဆဲ့မယ့်ယွားစစ်ကြောင်းက ဒီဇင်ဘာ ၃၁ရက် မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေက ကရင်လူငယ်တွေ စုပေါင်းပြီး စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့တယ်လု့ KNU မြိတ်ထားဝယ်ခရိုင်နဲ့ Karen Youth Organization က ဒီကနေ့ ဒီဇင်ဘာ ၂၆ရက်မှာ သတင်းထုတ်ပြန်ပါတယ်။