Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့် BGF စစ်ရေးတိုးချဲ့လာ၍ တိုက်ပွဲများ ဆက်ဖြစ်ဟု KNU တပ်မဟာ(၅) ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့ စစ်ရေးတိုးချဲ့လာ ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ(၅)က သတင်း ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့ စစ်ရေးတိုးချဲ့လာ ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ(၅)က သတင်း ထုတ်ပြန်သည်။

KNUတပ်မဟာ(၅)နယ်မြေတွင် ဇူလိုင် ၁၀ရက်မှ ၁၄ရက်အထိ တိုက်ပွဲဖြစ်ပွားမှု နှင့် စစ်ကောင်စီ၊ BGF တပ်များ၏ စစ်ရေးလှုပ်ရှားမှု အခြေနေများကို Mutraw Newsမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၀ရက်တွင် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များသည် ကမမောင်းမှ ဖာပွန်သို့ မော်တော်ယာဉ် အစီး ၃၀နီးပါးဖြင့် စားနပ်ရိက္ခာ နှင့် လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ခဲ့ကြောင်း၊ စစ်ကောင်စီနှင့် BFG ပူး ပေါင်းတပ်ဖွဲ့က KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များကို နှစ်ကြိမ် ပစ်ခတ်ခဲံကြောင်း ဖော်ပြသည်။

ဇူလိုင် ၁၁ရက်တွင် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ တစ်ဦးသေ ၊ ​လေးဦးဒဏ်ရာရခဲ့ကြောင်း၊ ဇူလိုင် ၁၂ရက် ညတွင် KNUတပ်မဟာ(၅) တပ်ဖွဲ့ဝင်များက BGF ဂိတ်တစ်ခုအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ လက်နက်နှင့် ပစ္စည်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၂ရက် နှင့် ၁၃ရက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၈ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၁ဦး သေဆုံးပြီး ၁၆ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဇူလိုင် ၁၄ရက်တွင် တိုက်ပွဲ မှနှစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

ဇူလိုင် ၁၄ရက်တွင်ပင် စစ်ကောင်စီနှင့် BGF တပ်များကမထောကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာနှစ်ခုံအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

ထိုသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ထိခိုက်မှု၊ အိုးအိမ်ပျက်စီးမှု အခြေအနေများကိုမူ မဖော်ပြထားပေ။

KNU တပ်မဟာ(၅)အနေဖြင့် ပြည်သူလူထုများ အသုံးပြုနေသော ဖာပွန်-ကမမောင်း လမ်းအား ဇွန်လ ၁၉ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များမှ စားနပ်ရိက္ခာ ပို့ဆောင်မှုနှင့် စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်နေ၍ နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု KNU တပ်မဟာ(၅)က ထုတ် ပြန်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် KNU တပ်မဟာ (၅)နယ်မြေတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ဇွန်လအတွင်းက တိုက်ပွဲရာချီဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်သေဆုံးခဲ့ကြောင်း တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြန်မာသံရုံးရှေ့နဲ့ တရုတ်သံအမတ်အိမ်ရှေ့တို့မှာ ပြည်ပရောက် မြန်မာတွေစုပေါင်းပြီး ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်နေ့အဖြစ် ဆန္ဒပြဆုတောင်းပွဲကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရှမ်းမြောက်ကွတ်ခိုင်မြို့နယ်မှာတအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်မတော်(MNDAA) မဟာမိတ်နှစ်ဖွဲ့ကြားယနေ့ မနက်ပိုင်းက​နေ ညပိုင်းအထိ ပစ်ခတ်မှုတွေရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

ပဲခူးတိုင်း ၊ညောင်လေးပင်မြို့နယ်အတွင်းက ရေတွင်းကုန်း ၊ ခရုကုန်းနဲ့ကျောင်းကုန်း ကျေးရွာတွေဆီ မတ်လ ၅ ရက်က စစ်ကောင်စီ တပ် စစ်ကြောင်းဝင်ရောက်စီးနင်းရာမှာ အရပ်သား ၄၀ ကျော် သတ်ဖြတ်ခံရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်း သိမ်းတိုက်ပွဲမှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း T5 Wings ဒရုန်းတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook