Connect with us

Hi, what are you looking for?

News

ဘောလခဲတွင်စစ်ကောင်စီတပ်အား KNPP/KNDP ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်

ဘောလခဲမြို့နယ် တားလဲကျေးရွာ ဘက်မှ နန်းဖဲကျေးရွာဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်မှ အင် အား ၅၀ခန့်ကို ယနေ့ ဇူလိုင် ၁၆ရက် မွန်းလွဲပိုင်းတွင် KNPP/KNDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာမှ အပြန် အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(KNPPတပ်သားများ၏ ပုံမှာအ​ဟောင်းဖြစ်ပါသည်)

ကယားပြည်နယ်ဘောလခဲမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်အား ကရင်အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း KNDFက သတင်းထုတ်ပြန်သည်။

ဘောလခဲမြို့နယ် တားလဲကျေးရွာ ဘက်မှ နန်းဖဲကျေးရွာဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်မှ အင် အား ၅၀ခန့်ကို ယနေ့ ဇူလိုင် ၁၆ရက် မွန်းလွဲပိုင်းတွင် KNPP/KNDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာမှ အပြန် အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ထိခိုက်ကျ ဆုံးမှုများရှိခဲ့ပြီး အရေအတွက်ကို အတည်ပြု၍ မရသေးကြောင်း KNDFက ထုတ်ပြန်သည်။တိုက်ပွဲဖြစ်ပွား၍ နန်းဖဲကျေးရွာမှ ဒေသခံများ ရှောင် တိမ်းနေရကြောင်း၊ စစ်ကောင်စီတပ်မှ ကရင်နီတပ် (KNPP) ထိန်းချုပ်ရာဒေသများသို့ ထိုးစစ်ဆင်လာသဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြခဲ့သည်။

KNDFအနေဖြင့် ပြည်သူများကို အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်တော်လှန်သွားမည်ဖြစ်ပြီး စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် မည်သည့်အဖွဲ့အစည်း များနှင့်မဆို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

KNPPနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင် ၁၂ရက်ကလည်း လွိုင်ကော်မြို့နယ်တွင် တစ်ရက်တည်း တိုက်ပွဲ ၅ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၁၄ဦး သေဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ကို ကိုးကားပြီး KNDFက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဇူလိုင် ၂ရက်နှင့် ၃ရက်ကလည်း KNPPနှင့် စစ်ကောင်စီတပ်တို့ လွိုင်ကော်မြို့နယ် နှင့် လွိုင်ကော် – ရှားတောလမ်း၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာ၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း KNPPသတင်းနှင့် ပြန်ကြားရေးဌာန KNICက သတင်းဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။