Connect with us

Hi, what are you looking for?

News

မင်းတပ်မြို့ကို လူသားချင်းစာနာမှုအကူအညီတွေ UNHCR သွားရောက်ပေးအပ်

လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကနေ လူဦးရေ ၅၀၀၀ (အိမ်ထောင်စုပေါင်း ၁၀၀၀)အထိ အကျိုးခံစားရမယ်လို့ UNHCR က မျှော်လင့်ထားပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ(UNHCR) ဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ဒီနေ့ရောက်ရှိခဲ့ပြီး လူသားချင်းစာနာမှုအကူအညီပစ္စည်းများကို တစ်ပတ်ကြာ ထောက်ပံ့ဖြန့်ဝေပေးမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

“ မနက်ဖြန်မှစ၍ ရက်သတ္တပတ်လုံး UNHCRသည် COVID-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာများအပါအဝင်၊ အစားအစာမဟုတ်သည့် ပစ္စည်းများအနက်မှ တာ ပေါ်လင်များ၊ ခြင်ထောင်များ၊ ဖျာများ၊ စောင်များ၊ မီးဖို ချောင်သုံးပစ္စည်းများ၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များကို ကူညီ ထောက်ပံ့ဖြန့်ဖြူးသွားမည် ဖြစ်ပါသည်” လို့ UNHCR ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကနေ လူဦးရေ ၅၀၀၀ (အိမ်ထောင်စုပေါင်း ၁၀၀၀)အထိ အကျိုးခံစားရမယ်လို့ UNHCR က မျှော်လင့်ထားပါတယ်။

UNHCR ရဲ့ လုပ်ဆောင်မှုဟာ လူသားချင်းစာနာထောက်ထားသော၊ ဘက်မလိုက်သော၊ လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသူများအပေါ် အခြေပြုတဲ့ လုပ်ငန်းစဉ် သပ်သပ် ဖြစ်ပြီး ဖြန့်ဝေမှုများကို UNHCR ဝန်ထမ်းများနဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖွဲ့အစည်းများမှ အကူအညီလိုအပ်နေသူ တစ်ဦးချင်းနှင့် ရပ်ရွာလူထုသို့ လွှဲပြောင်းပေးအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

UNHCRဟာ ၎င်းတို့ရဲ့ လိုအပ်ချက်များနဲ့ စိုးရိမ်မှုများကို ပိုမိုသိရှိနားလည်နိုင်ဖို့အတွက် ရပ်ရွာလူထုများ၊ ဘာသာရေးအုပ်စုများမှ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံမှာဖြစ်ပြီးချင်းပြည်နယ်နဲ့ နိုင်ငံတဝန်းရှိ အဓိကကျတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေသူများထံ အထောက်အပံ့ တွေ ပေးအပ်ဖို့ ကတိပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနယ်စပ်က ဒုက္ခသည်စခန်း​တွေမှာ ခိုလှုံနေတဲ့ မြန်မာ စစ်​ဘေးဒုက္ခသည်တွေကို ပြည်တွင်းမှာ တရားဝင် အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရက လက်ခံခဲ့တဲ့အပေါ် ကုလသမဂ္ဂက ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကကြိုဆိုခဲ့ပါတယ်။

သတင်း

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မုံရွာခရိုင် အမှတ်(၃) တပ်ရင်းအနေဖြင့် စစ်ကိုင်းတိုင်းအတွင်း အောင်မြင်မှုတစ်ခု ဖော်ဆောင်ရန် ပြင်ဆင်နေပြီး လိုအပ်သည့် ကျည်အတွက် ပြည်သူများ ဝိုင်းဝန်းပါဝင်ကူညီပေးရန် မုံရွာခရိုင် တပ်ရင်း(၃) ဘဏ္ဍာရှာဖွေရေးတာဝန်ခံ ကိုသစ်တောက ပြောသည်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက ယနေ့(ဧပြီ ၁ရက်) ညနေပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

သတင်း

ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်မည့် ပြည် သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ​၏ ထောက်ခံချက်ဖြင့် ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF)က ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်သည်။