Connect with us

Hi, what are you looking for?

LuduNwayOo

News

အပစ်ရပ်သက်တမ်းတိုးရန်ညှိမရ၍ CDFနှင့် စစ်ကောင်စီ တိုက်ပွဲပြန်လည်ဖြစ်ပွား

“လောလောဆယ်အထိတော့ ပထမ တစ်ကြိမ် မနက်ပိုင်း တိုက်ပွဲဖြစ်ပြီး ခဏပြန်နားနေတယ်။ နောက်တစ်ကြိမ် ဘယ်လိုပြန်ဖြစ်လာမလဲလို့ မသိဘူးလို့ ပြောပါတယ်” ဟု CDF တာဝန်ရှိသူက ပြောသည်။

မင်းတပ်မြို့နယ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) နှင့် အာဏာသိမ်းစစ်တပ်တို့ ယနေ့မနက်ပိုင်းတွင် မင်းတပ်မြို့နယ် ရွှေတွင်းတူးရွာအနီး၌ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း CDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များက ထိုးစစ်ဆင် လာ၍ ယနေ့ ဇူလိုင် ၂၁ရက် နံနက် ၆နာရီ ၄၅မှ စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။

“လောလောဆယ်အထိတော့ ပထမ တစ်ကြိမ် မနက်ပိုင်း တိုက်ပွဲဖြစ်ပြီး ခဏပြန်နားနေတယ်။ နောက်တစ်ကြိမ် ဘယ်လိုပြန်ဖြစ်လာမလဲလို့ မသိဘူးလို့ ပြောပါတယ်” ဟု CDF တာဝန်ရှိသူက ပြောသည်။

မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂၃ရက်မှစ၍ အပစ်ရပ်စဲရေး ဆောင်ရွက်ထားရာ တစ်လခန့်အကြာတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေ၍ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားရခြင်းဖြစ်ကြောင်း CDF တာဝန်ရှိသူက ပြောသည်။

ဧပြီအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ထောက်ခံကြောင်း ဆန္ဒပြ ပြည်သူများအား စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ရာမှစ၍ မင်းတပ် CDFနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

ဇွန်လ ၈ရက်နေ့အထိ တစ်လခွဲ ကာလအတွင်း တိုက်ပွဲ ၂၀ကျော်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

အဆိုပါ တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ စစ်ကား ၆စီးကို မီးရှို့ဖျက်ဆီး နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို သုတ်သင်နိုင်ခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။