Connect with us

Hi, what are you looking for?

News

အပစ်ရပ်သက်တမ်းတိုးရန်ညှိမရ၍ CDFနှင့် စစ်ကောင်စီ တိုက်ပွဲပြန်လည်ဖြစ်ပွား

“လောလောဆယ်အထိတော့ ပထမ တစ်ကြိမ် မနက်ပိုင်း တိုက်ပွဲဖြစ်ပြီး ခဏပြန်နားနေတယ်။ နောက်တစ်ကြိမ် ဘယ်လိုပြန်ဖြစ်လာမလဲလို့ မသိဘူးလို့ ပြောပါတယ်” ဟု CDF တာဝန်ရှိသူက ပြောသည်။

မင်းတပ်မြို့နယ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) နှင့် အာဏာသိမ်းစစ်တပ်တို့ ယနေ့မနက်ပိုင်းတွင် မင်းတပ်မြို့နယ် ရွှေတွင်းတူးရွာအနီး၌ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း CDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များက ထိုးစစ်ဆင် လာ၍ ယနေ့ ဇူလိုင် ၂၁ရက် နံနက် ၆နာရီ ၄၅မှ စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။

“လောလောဆယ်အထိတော့ ပထမ တစ်ကြိမ် မနက်ပိုင်း တိုက်ပွဲဖြစ်ပြီး ခဏပြန်နားနေတယ်။ နောက်တစ်ကြိမ် ဘယ်လိုပြန်ဖြစ်လာမလဲလို့ မသိဘူးလို့ ပြောပါတယ်” ဟု CDF တာဝန်ရှိသူက ပြောသည်။

မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂၃ရက်မှစ၍ အပစ်ရပ်စဲရေး ဆောင်ရွက်ထားရာ တစ်လခန့်အကြာတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေ၍ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားရခြင်းဖြစ်ကြောင်း CDF တာဝန်ရှိသူက ပြောသည်။

ဧပြီအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ထောက်ခံကြောင်း ဆန္ဒပြ ပြည်သူများအား စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ရာမှစ၍ မင်းတပ် CDFနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

ဇွန်လ ၈ရက်နေ့အထိ တစ်လခွဲ ကာလအတွင်း တိုက်ပွဲ ၂၀ကျော်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

အဆိုပါ တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ စစ်ကား ၆စီးကို မီးရှို့ဖျက်ဆီး နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို သုတ်သင်နိုင်ခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေထည်ဝယ်ယူရင် ပစ္စည်းတန်ဖိုးရဲ့ ထက်ဝက်နီးပါးကို အလျော့တွက်လက်ခပေးဖို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) က သတ်မှတ်လိုက်ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့မတ်လ၁၅ရက်မနက်မှာလည်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ဟု ဒေသ ခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြန်မာသံရုံးရှေ့နဲ့ တရုတ်သံအမတ်အိမ်ရှေ့တို့မှာ ပြည်ပရောက် မြန်မာတွေစုပေါင်းပြီး ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်နေ့အဖြစ် ဆန္ဒပြဆုတောင်းပွဲကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရှမ်းမြောက်ကွတ်ခိုင်မြို့နယ်မှာတအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်မတော်(MNDAA) မဟာမိတ်နှစ်ဖွဲ့ကြားယနေ့ မနက်ပိုင်းက​နေ ညပိုင်းအထိ ပစ်ခတ်မှုတွေရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့ကပြောပါတယ်။