Connect with us

Hi, what are you looking for?

News

အကျဥ်းသားတွေရဲ့ နစ်နာဆုံးရှုံးမှုများကို အမြန်ဆုံးကူညီပေးနိုင်ရေး ICRC ကို CRPH တောင်းဆို

နိုင်ငံရေးအကျဥ်းသားတွေရဲ့ နစ်နာဆုံးရှုံးမှုများကို နိုင်ငံတကာကျင့်ဝတ်တွေနဲ့အညီ အမြန်ဆုံးကူညီပေးနိုင်ရေး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ကို CRPH က တိုက်တွန်းထုတ်ပြန်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဟာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီကို နိုင်ငံရေးအကျဥ်းသားများအရေးကို အမြန်ဆုံးအကူအညီပေးဖို့ ဒီနေ့ တိုက်တွန်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်းမှာ အင်းစိန်ထောင်အတွင်း စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ဆန္ဒပြမှုဟာ စစ်ကောင်စီရဲ့ ထောင်အတွင်း ကိုဗစ်-၁၉ ကူးစက်မှု၊ ကျန်းမာရေးကုသမှုမရရှိခြင်း အခြေအနေနဲ့ သက်ဆိုင်နေပါတယ်။

CRPH ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ကိုဗစ်တတိယလှိုင်းကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်းမရှိတာကြောင့် အကျဥ်းထောင်များအတွင်းမှာ ကူးစက်များစွာ ဖြစ်ပေါ်နေပြီး လိုအပ်တဲ့ ကာကွယ်ကုသရေး များကို လုံလောက်စွာ ပေးအပ်နိုင်ခြင်းမရှိတာကို တွေ့မြင်ကြားသိနေရတယ်လို့ ဖော်ပြပါတယ်။ကိုဗစ်ရောဂါကူးစက်မှုကြောင့် အကျဥ်းသားသေဆုံးမှုများနဲ့ ကျန်းမာရေးချို့တဲ့သောအကျဥ်းသားများ ရောဂါပြင်းထန်ခံစားမှုများကို နေ့စဥ်ကြားသိနေရတယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အကျဥ်းကျခံနေရသူများရဲ့ သက်ဆိုင်ရာမိသားစုများကို ထောင်ဝင်စာပေးခွင့် မပြုခြင်း၊ မိသားစုနဲ့ အဆက်အသွယ်မရရှိခြင်းနဲ့ တရားဥပဒေနဲ့အညီ ခုခံချေပခွင့် မရရှိခြင်း စတဲ့ ရပိုင်ခွင့်တွေကို ဆုံးရှုံးနစ်နာနေတယ်လို့ CRPH က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ခံ အရပ်သားအစိုးရထံကနေ နိုင်ငံတော် အာဏာကို မတရားသဖြင့် သိမ်းယူခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၅၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

Facebook