Connect with us

Hi, what are you looking for?

News

မုံရွာမှာ LGBT သပိတ်စစ်ကြောင်းချီတက်ဆန္ဒပြ

သံတိုင်ရှိခြင်း၊မရှိခြင်းပဲကွာပါတယ် ကျနော်တို့အားလုံးဟာ‌ အကျဉ်းကျနေကြတာပါပဲ။ ထောင်ထဲမှာ ရှူရတဲ့လေနဲ့ အပြင်မှာရှူရတဲ့လေဟာ ကွာခြင်ကွာလိမ့်မယ်။

ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ မုံရွာပင်မသပိတ်က ဦး​ဆောင်တဲ့ LGBT စစ်ကြောင်းဟာ ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ကာ အင်းစိန်ထောင်တွင်းမှာရှိတဲ့ မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများနဲ့ အတူရပ်တည်ကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။

“သံတိုင်ရှိခြင်း၊မရှိခြင်းပဲကွာပါတယ် ကျနော်တို့အားလုံးဟာ‌ အကျဉ်းကျနေကြတာပါပဲ။ ထောင်ထဲမှာ ရှူရတဲ့လေနဲ့ အပြင်မှာရှူရတဲ့လေဟာ ကွာခြင်ကွာလိမ့်မယ်။ မွန်းကြပ်တာခြင်းကတော့အတူတူပါပဲ။ ဒီအတွက်ကြောင့် ကျ‌နော်တို့တွေဟာ ဒီမွန်းကြပ်မှုတွေ၊ အကျဉ်းကျနေမှုတွေကနေ လွတ်မြောက်ဖို့ စစ်အာဏာရှင်ကို ဆက်လက်ချေမှုန်းသွားကြပါမယ်။ ဒီနေရာမှာလည်း ကျနော်တို့ LGBT တွေအနေနဲ့လည်း ရှေ့တန်းကနေ မားမားမတ်မတ်ရပ်တည်နေတယ်ဆိုတာကို မိဘပြည်သူများကို အသိပေးအပ်ပါတယ်” လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နယ်စပ်ဒေသတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ မဲမဲမြင်ရာ ရန်ရှာနေတဲ့ စစ်တပ်ဟာ မြန်မာ-ထိုင်းနယ်စပ်က ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) ဧရိယာထဲမှာ အရပ်ဘက်အရေးဆောင်ရွက်နေတဲ့ LGBT လူငယ်သုံးဦးအပါအဝင် အရပ်သား လေးဦးကို ဖမ်းဆီးပြီးရက်ရက်စက်စက်သတ်ဖြတ်လိုက်ပြန်ပါတယ်။

သတင်း

အကြမ်းဖက်ပုဒ်မနဲ့ စွပ်စွဲပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ် ရုံးချိန်းမှာ ထောင်ချလိုက်တာ လို့ တရားရေးအသိုင်းအဝိုင်းကတဆင့်သိရပါတယ်။

သတင်း

"၂ ဖွဲ့ပေါင်း ၅ ယောက်ပါ၊ ဂျက်စတင်အပါအဝင်။ အား လုံး(အဖမ်းခံရတယ်)ယူဆပါတယ်။ သေချာသလောက်ဖြစ်နေပါပြီ"ဟု LGBT Union Mandalay ယာယီအုပ်ချုပ်ရေးကော်မတီဝင်တစ်ဦးက ပြောသည်။

သတင်း

LGBT Union Mandalay နှင့် လူငယ်သမဂ္ဂဗဟိုတို့ပူးပေါင်းပြီး ရန်ကုန်မြို့တစ်နေရာတွင် စစ်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့သော ဖဲကြိုးနက်ကမ်ပိန်းမှာ ၎င်းတို့နှစ်ဖွဲ့ပူးပေါင်းလုပ်ဆောင်ခဲ့သည့် နောက်ဆုံးလှုပ်ရှားမှု ဖြစ်သည်။