▪︎ဖမ်းဆီးခံရပြီဟု ယူဆကြောင်းထုတ်ပြန်
LGBT Union Mandalay ဥက္ကဋ္ဌအပါအဝင် လူငယ်သမဂ္ဂဥက္ကဋ္ဌနှင့် အဖွဲ့ဝင်လေးဦး ယနေ့(စက်တင် ဘာ ၂၇)ညပိုင်းမှစပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း အရေးပေါ်ထုတ်ပြန်လိုက်သည်။
အဆက်အသွယ်ပြတ်တောက်နေသူငါးဦးမှာ LGBT Union Mandalay ၏ ဥက္ကဋ္ဌဖြစ်သူ ဂျက်စတင်မင်းဟိန်း(ခ)ဟိန်းမင်းထက်၊ လူငယ်သမဂ္ဂဗဟိုဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ (၁)၊ ဒုဥက္ကဋ္ဌ (၂)နှင့် တွဲဖက်အတွင်းရေးမှူး စသူတို့ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“၂ ဖွဲ့ပေါင်း ၅ ယောက်ပါ၊ ဂျက်စတင်အပါအဝင်။ အား လုံး(အဖမ်းခံရတယ်)ယူဆပါတယ်။ သေချာသလောက်ဖြစ်နေပါပြီ”ဟု LGBT Union Mandalay ယာယီအုပ်ချုပ်ရေးကော်မတီဝင်တစ်ဦးက ပြောသည်။
LGBT Union Mandalay ၏ဥက္ကဋ္ဌ ဂျက်စတင်မင်းဟိန်းသည် လူငယ်သမဂ္ဂဗဟိုနှင့်အတူ ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးမြေပြင်သပိတ်များ ပူးပေါင်းလုပ်ဆောင်နေစဥ် ယခုကဲ့သို့ အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါယာယီအုပ်ချုပ်ရေးကော်မတီဝင်က ရှင်းပြသည်။

Public Service Announcement
“လူထုလှုပ်ရှားမှုတွေဟာ နိုင်ငံရေးရဲ့ အသက်တမျှအရေး ကြီးပါတယ်။ ဒါကြောင့်လည်း ဖမ်းခံရနိုင်တယ်။ ပစ်သတ်ခံရနိုင်တဲ့ကြားထဲက စစ်အာဏာရှင်ကို ခြောက်ပေမဲ့ မကြောက်ဘူးဆိုတဲ့အတိုင်း လုပ်နေကြတာပါ။ ပြည်သူတွေအနေနဲ့ လမ်းမပေါ်က သပိတ်တွေကို အားပေးပါ။တစ်ယောက်ဖမ်းခံရရင် ၁၀ ယောက်ထပ်ထွက်မယ်။ တော်လှန်ရေး မပြီးအချင်း LGBT တွေဟာ ပြည်သူနဲ့အတူ တိုက်ပွဲဝင်နေမှာ”ဟု LGBT Union Mandalay က သတင်းစကားပါးသည်။
LGBT Union Mandalay နှင့် လူငယ်သမဂ္ဂဗဟိုတို့ပူးပေါင်းပြီး ရန်ကုန်မြို့တစ်နေရာတွင် စစ်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့သော ဖဲကြိုးနက်ကမ်ပိန်းမှာ ၎င်းတို့နှစ်ဖွဲ့ပူးပေါင်းလုပ်ဆောင်ခဲ့သည့် နောက်ဆုံးလှုပ်ရှားမှု ဖြစ်သည်။


















































