Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီခန့်ရပ်ကွက်ရုံးကအခေါ်ခံရလို့ အကူအညီဆက်မပေးကြဖို့ အဖွားအိုသားအမိ ​မေတ္တာရပ်ခံ

စားဝတ်နေရေးခက်ခဲတာကြောင့် အကူအညီတောင်းခံတဲ့အပေါ် အာဏာသိမ်းစစ်​ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးက အခေါ်ခံရတဲ့အတွက် အကူအညီတွေ ဆက်မပေးကြဖို့ အဖွားအိုးသားအမိက အိမ်ရှေ့မှာစာကပ်ပြီး အသိပေး​မေတ္တာရပ်ခံထားပါတယ်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း (၄၃)ရပ်ကွက် ဆေးရိပ်သာ(၅)လမ်းမှာနေထိုင်တဲ့ ဒေါ်မာမာကျော်နဲ့ မိခင်ဖြစ်သူတို့ဟာ ကျန်းမာရေးမကောင်းတဲ့အပြင် စားဝတ်နေရေးခက်ခဲတာကြောင့် အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။

“အဖွားတို့ဆီက ဖုန်းနံပါတ်လေးရလို့ ဖုန်းဆက်ပြီးပေးကြည့်လိုက်ပါတယ်။ လာမလှူတော့ဖို့ပြောနေပါတယ်။ အုပ်ချုပ်ရေးမှူးကလဲ ခေါ်တာခံရတယ်။ မူးတောင်လဲတယ်လို့ပြောပါတယ်။ ပတ်ဝန်းကျင်ကတိုင်တယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ ဒီလိုကြီးတော့ အလုပ်သင့်ဘူးထင်ပါတယ်”လို့ အဖွားအိုးသားအမိကို အကူအညီပေးဖို့ ဖုန်းနဲ့ဆက်သွယ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်မှာ သူ့အတွေ့အကြုံကို ရေးသားထားပါတယ်။

အကူအညီတောင်းခံလို့ အများပြည်သူလာရောက်လှူတန်းထားတဲ့ ကြက်ဥ ၁၈၆ လုံးအပါအဝင် မုန်းမျိုးစုံ ဆန်နဲ့ ဆီစတဲ့ စားသောက်စရာတွေကိုလည်း သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက်အဖွဲ့(HHHP)ထံ ပြန်လည်လှူဒါန်းခဲ့တယ်လို့ သိရတဲ့အကြောင်း အထက်ပါအမျိုး သမီးက ဆိုပါတယ်။

အဲဒီအမျိုးသမီးမှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ အဖွားအိုမိသားစုဟာ သူတို့ရဲ့အခန်းတံခါးရှေ့မှာ တိုင်လို့ ကြောက်လို့မယူတော့ပါ၊ နားလည်ပေးပါရှင်၊ရပ်ကွက်ရုံးကခေါ်လို့ မယူပါဘူး၊ မြန်မာလူမျိုးအားလုံး ကျေးဇူးတင် အားလုံးကျေးဇူးတင် ခွန်အားတွေပေးတဲ့ ကျေးဇူးရှင်မိသားစုတွေ ကိုဗစ်နဲ့မတွေ့ကြပါစေနဲ့ စတဲ့စာသားပါ စာရွက်တချို့ချိတ်ဆွဲထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ကအာဏာသိမ်းပြီးနောက် လက်ရှိမှာ ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့နေပြည်သူတချို့ဟာ စားဝတ်နေရေးခက်ခဲလာတဲ့အပြင် ကျန်းမာ ရေးအတွက် ဆေးဝါးနဲ့ကုသမှုလိုအပ်တာကြောင့် အလံဖြူ အလံဝါတွေ အခန်းရှေ့ထောင်ပြီး အကူအညီတောင်းခံရတာတွေ ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ အဲဒီလိုအလံထောင်ပြီး အကူအညီတောင်းတဲ့မိသားစုတွေကို ဆက်ပြီးအလံထောင်မထားဖို့နဲ့ အလံတွေဖြုတ်သိမ်းထားဖို့ စစ်ကောင်စီရဲ့လက်ကိုင်တုပ် ရပ်ကျေးအာဏာပိုင်တချို့က ဖိအားပေးတာတွေ ကျူးလွန်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တိုက်ပွဲအတွင်း ထွက်‌ပြေးရာက မိသားစုနဲ့ ကွဲပြီး တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ အဖွားအိုတစ်ဦးကို PDF ရဲဘော်တွေက ကယ်ထုတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဟာ အခုရက်ပိုင်းအတွင်း လူပြောများနေပါတယ်။ အဲဒီ ရုပ်သံမှာ အားနည်းနေတဲ့အဖွားအိုကို ရဲဘော်တစ်ဦးက ပြောဆိုတာ ဖြစ်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။