Connect with us

Hi, what are you looking for?

News

CDMပုဂ္ဂလိကဘဏ်ဝန်ထမ်းများအား ဖိနှိပ်ခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းများဟန့်တားပိတ်ပင်ခြင်း မလုပ်ရန် NUG ဝန်ကြီးဌာန မေတ္တာရပ်ခံ

CDM ပြုလုပ်လျှက်ရှိသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများအပေါ် မတရားသဖြင့် ဖိနှိပ်ခွဲခြားဆက်ဆံနေမှုများကို အမြန်ဆုံး ရပ်တန့်ရန် တိုက်တွန်းထားသည့် ကြေညာချက်ကို ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘဏ်လုပ်ငန်းရှင်များအနေဖြင့် CDM ပြုလုပ်လျှက်ရှိသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ အပေါ် ဖိနှိပ်ချုပ်ချယ်ခြင်း၊ ခွဲခြားဆက်ဆံ နေခြင်းများကို အမြန်ဆုံးရပ်တန့်ရန်နှင့် ၎င်းတို့၏အလုပ်အကိုင် အခွင့်အလမ်းကို တနည်းနည်းဖြင့် ပိတ်ဆို့ဟန့်တားနေမှုများကိုလည်း အထူးရှောင်ကြဉ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက မေတ္တာရပ်ခံတိုက်တွန်းချက် ထုတ်ပြန်သည်။

CDM ပြုလုပ်လျှက်ရှိသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများအပေါ် မတရားသဖြင့် ဖိနှိပ်ခွဲခြားဆက်ဆံနေမှုများကို အမြန်ဆုံး ရပ်တန့်ရန် တိုက်တွန်းထားသည့် ကြေညာချက်ကို ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုက အာသာသိမ်းယူချိန်မှစ၍ နိုင်ငံ့ဝန်ထမ်းအာဇာနည်များနည်းတူ၊ အာဏာရှင် တော်ဘလှန်ရေး CDM လှုပ်ရှားမှုတွင် တခဲနက်ပါဝင်ခဲ့ကြသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းအာဇာနည်များ အားလေး မြတ်စွာဂုဏ်ပြုပြီး ယခုအချိန်ထိ “အဆုံးတိုင်-CDM ” ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် တိုက်ပွဲ ဝင်နေသူများကို ထပ်လောင်းဦးညွှတ် အသိအမှတ်ပြုကြောင်း ထုတ်ပြန် သည်။

ဝန်ကြီးဌာနအနေဖြင့် အဆိုပါဘဏ်ဝန်ထမ်းများနှင့်အတူ တကွတသားတည်းရပ်တည်လျှက်ရှိ ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါဝန်ထမ်းများ၏ CDM လှုပ်ရှားမှုသည် စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်း ပျောက်ကွယ်စေရေးအတွက် မွန်မြတ်ထိရောက်သည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အတွက် ဘဏ်လုပ်ငန်းရှင်များအနေနှင့်လည်း အမှန်တရားဖက်တွင်ရပ်တည်၍ အစွမ်း ကုန် အားပေးကူညီရန် တာဝန်ရှိသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။