Connect with us

Hi, what are you looking for?

News

CDMပုဂ္ဂလိကဘဏ်ဝန်ထမ်းများအား ဖိနှိပ်ခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းများဟန့်တားပိတ်ပင်ခြင်း မလုပ်ရန် NUG ဝန်ကြီးဌာန မေတ္တာရပ်ခံ

CDM ပြုလုပ်လျှက်ရှိသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများအပေါ် မတရားသဖြင့် ဖိနှိပ်ခွဲခြားဆက်ဆံနေမှုများကို အမြန်ဆုံး ရပ်တန့်ရန် တိုက်တွန်းထားသည့် ကြေညာချက်ကို ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘဏ်လုပ်ငန်းရှင်များအနေဖြင့် CDM ပြုလုပ်လျှက်ရှိသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ အပေါ် ဖိနှိပ်ချုပ်ချယ်ခြင်း၊ ခွဲခြားဆက်ဆံ နေခြင်းများကို အမြန်ဆုံးရပ်တန့်ရန်နှင့် ၎င်းတို့၏အလုပ်အကိုင် အခွင့်အလမ်းကို တနည်းနည်းဖြင့် ပိတ်ဆို့ဟန့်တားနေမှုများကိုလည်း အထူးရှောင်ကြဉ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက မေတ္တာရပ်ခံတိုက်တွန်းချက် ထုတ်ပြန်သည်။

CDM ပြုလုပ်လျှက်ရှိသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများအပေါ် မတရားသဖြင့် ဖိနှိပ်ခွဲခြားဆက်ဆံနေမှုများကို အမြန်ဆုံး ရပ်တန့်ရန် တိုက်တွန်းထားသည့် ကြေညာချက်ကို ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုက အာသာသိမ်းယူချိန်မှစ၍ နိုင်ငံ့ဝန်ထမ်းအာဇာနည်များနည်းတူ၊ အာဏာရှင် တော်ဘလှန်ရေး CDM လှုပ်ရှားမှုတွင် တခဲနက်ပါဝင်ခဲ့ကြသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းအာဇာနည်များ အားလေး မြတ်စွာဂုဏ်ပြုပြီး ယခုအချိန်ထိ “အဆုံးတိုင်-CDM ” ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် တိုက်ပွဲ ဝင်နေသူများကို ထပ်လောင်းဦးညွှတ် အသိအမှတ်ပြုကြောင်း ထုတ်ပြန် သည်။

ဝန်ကြီးဌာနအနေဖြင့် အဆိုပါဘဏ်ဝန်ထမ်းများနှင့်အတူ တကွတသားတည်းရပ်တည်လျှက်ရှိ ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါဝန်ထမ်းများ၏ CDM လှုပ်ရှားမှုသည် စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်း ပျောက်ကွယ်စေရေးအတွက် မွန်မြတ်ထိရောက်သည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အတွက် ဘဏ်လုပ်ငန်းရှင်များအနေနှင့်လည်း အမှန်တရားဖက်တွင်ရပ်တည်၍ အစွမ်း ကုန် အားပေးကူညီရန် တာဝန်ရှိသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။