Connect with us

Hi, what are you looking for?

News

ရှစ်လေးလုံး(၃၃) နှစ်ပတ်လည်မှာ မြန်မာပြည်သူတွေကို ဗြိတိန်နဲ့ ဒိန်းမတ်သံရုံးတို့ ချီးကျူး

အာဏာသိမ်းမှုနဲ့ အပြစ်မဲ့အရပ်သားအပေါ် အကြမ်းဖက်မှုကို တစိုက်တမတ်ဆန့်ကျင်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ပေးရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။

ဒီနေ့ဟာ စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ရှစ်လေးလုံးလူထုလှုပ်ရှားမှုရဲ့ ၃၃ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး ၁၉၈၈ ဩဂုတ် ၈ ရမှာ ဖြစ်ပေါ်ခဲ့တဲ့ လူထုအရေးတော်ပုံနဲ့အတူ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့် အရေး၊ လွတ်လပ်တဲ့ရွေးကောက်ပွဲနဲ့ ပိုမိုတရားမျှတတဲ့ ဘ၀တို့ရရှိဖို့ တိုက်ပွဲဝင်ရင်း အသက်ဆုံးရှုံးရသူတွေကို အမှတ်ရမိတယ်လို့ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။

“ဗြိတိန်အစိုးရဟာ လွန်ခဲ့တဲ့ ၁၉၈၈က မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့ပြီး အခု ၂၀၂၁ မှာလည်း ပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်”လို့ ဗြိတိန် သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသူ Pete Vowles က ပြောပါတယ်။

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာလူမျိုးတွေရဲ့ ရဲ ရင့်မှုတွေအတွက် ထပ်မံအံအားသင့်ရတယ်လို့ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကလည်း ရှစ်လေးလုံး လူထုအုံကြွမှုရဲ့ (၃၃) နှစ်ပြည့်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံ သားတွေကို ဂုဏ်ပြုတယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“နှစ်ပေါင်း ၃၃ နှစ်ကြာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ သူတို့ရဲ့ ဒီမိုကရေစီ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို လေးစားဖို့ တဖန်ပြန်ပြီး တောင်းဆိုနေကြရပါတယ်။ သူတို့ရဲ့ တောင်းဆိုသံတွေကို ကြားကြပြီး သူတို့အတွက် ထိုက်တန်လှတဲ့ ဒီမိုကရေစီ စနစ်ကို ငြိမ်းချမ်းစွာ ပြန်လည် အသက်သွင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနဲ့ ဒီမိုကရေစီအတွက် ဆက်လက် ကြိုးပမ်းအားထုတ်လျက်ရှိတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့အတူ ဒိန်းမတ်သံရုံးက အစဉ်အမြဲ ရပ်တည်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

Facebook