Connect with us

Hi, what are you looking for?

News

မန္တ​လေး အိုးဘို​ထောင်မှာ ​ထောင်တွင်းတိုက်ပွဲပြုလုပ်

ထောင်တွင်းတိုက်ပွဲပြုလုပ်တာလို့ ပြည်သူ့ကာကွယ်​ရေးတပ် (PDF)က တာဝန်ရှိသူတစ်ဦးက ​ပြောပါတယ်။

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ယ​နေ့ည၉နာရီခန့်ကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ထွက်ပေါ်လာတယ်လို့ အဆိုပါထောင်အနီးပတ်ဝန်းကျင်နေထိုင်သူတစ်ဦးက​ ပြောပါတယ်။

‘စစ်အာဏာရှင်ဆန့်ကျင်ရေး ဒို့အရေး၊ အရေးတော်ပုံအောင်ရမည်’ ဆိုတာ​တွေ ​အော်ဟစ်​နေကြတာလို့ ၎င်းက​ပြောပါတယ်။

ကြွေးကြော်သံတွေပေါ်ထွက်လာပြီး မိနစ်ပိုင်းခန့်အကြာမှာတော့ ထောင်တွင်းကနေ တရားဖွင့်ထားတာ အကျယ်ကြီးကြားနေရတယ်လို့လည်း ပြောဆိုကြပါတယ်။

ဒါ့အပြင် ​သေနတ်ပစ်ခတ်သံ​တွေလည်းကြားရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယ​နေ့ကျ​ရောက်​သော ရှစ်​လေးလုံးအ​ရေး​တော်ပုံ​နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်​ရေးအတွက် ​ထောင်တွင်းတိုက်ပွဲပြုလုပ်တာလို့ ပြည်သူ့ကာကွယ်​ရေးတပ် (PDF)က တာဝန်ရှိသူတစ်ဦးက ​ပြောပါတယ်။

ဇူလိုင်၂၃ ရက်ကလည်း ရန်ကုန်မြို့ အင်းစိန်ထောင်မှာ အလားတူကြွေးကြော်သံတွေနဲ့ ထောင်တွင်း ကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဒါကသမိုင်းတ​လျှောက်ဖျက်အားအပြင်းဆုံးငလျင်ကြီးလှုပ်ပြီးတစ်ပတ်ကျော်အကြာကမန္တလေးမြို့တ​နေရာရဲ့ မြင်ကွင်းဖြစ်ပါတယ်။ မန္တ​လေးမြို့ရဲ့ လမ်းအားလုံးနီးပါးမှာ ငလျင်ကြီး​ကြောင့်အ​ဆောက်အအုံပျက်​ မရှိတဲ့လမ်း မ​တွေ့ရ​ပါဘူး။

သတင်း

တိုက်ခိုက်မှုကြောင့် ရုံးပင်ကုန်းရွာရှိ နေအိမ် နှစ်လုံး အမိုးများပျက်စီးကာ ပြည်သူ သုံးဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ တာဝန်ရှိသူက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲများမှ လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ​ကြောင်း ဓါတ်ပုံနှင့်တကွ​ဖော်ပြထားသည်။

ဆောင်းပါး

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး) နှင့် ပူး​ပေါင်းတပ်များ၏ မတ္တရာ ၊စဥ်ကူ ​ဒေသထိုးစစ်ကလည်း စစ်အုပ်စုကိုအထိနာ​စေခဲ့သည်။