Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေးPDF က စဥ်ကူးမြို့နယ်အတွင်းရှိ စစ်စခန်း ၆ ခုကိုသိမ်းပိုက်၊ လက်နက်မျိုးစုံ ၄၀​ကျော်နှင့် စစ်သုံ့ပန်း ၁၃ ဦးဖမ်းဆီးရရှိ

တိုက်ခိုက်မှုကြောင့် ရုံးပင်ကုန်းရွာရှိ နေအိမ် နှစ်လုံး အမိုးများပျက်စီးကာ ပြည်သူ သုံးဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ တာဝန်ရှိသူက ပြောသည်။

(မန္တ​​လေး PDF က သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် စစ်စခန်းများ နှင့် စစ်သုံ့ပန်များ။ဓါတ်ပုံ-MDY-PDF)
(မန္တ​​လေး PDF က သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် စစ်စခန်းများ နှင့် စစ်သုံ့ပန်များ။ဓါတ်ပုံ-MDY-PDF)

– ​ဟန်​နွေ ၊အင်ကြင်း / People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်တပ်စခန်း ၆ ခုကိုအပြီးသတ် သိမ်းပိုက်နိုင်ခဲ့​ကြောင်း ယ​နေ့ (ဇူလိုင် ၃)ထုတ်ပြန်သည်။

မန္တ​လေး PDF က “၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)” နှင့်အတူ စဉ့်ကူးမြို့နယ်တွင်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီဖော်ဆောင်လျက်ရှိရာ ဒိုးနွယ်ရွာ တပ်စခန်း ၊ နမ့်ဟပ်ရွာ တပ်စခန်း ၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း ၊ ရွှေမာလဲစေတီ တပ်ခစန်း ၊ ရွာတော်လေး တပ်စခန်း နှင့် နွယ်ရုံ ရဲစခန်း တို့ကို အပြီးသတ် သိမ်းပိုက်ခဲ့​ကြောင်းအသိ​ပေးသည်။

(မန္တ​​လေး PDF က သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် စစ်စခန်းများ နှင့် စစ်သုံ့ပန်များ။ဓါတ်ပုံ-MDY-PDF)
(မန္တ​​လေး PDF က သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် စစ်စခန်းများ နှင့် စစ်သုံ့ပန်များ။ဓါတ်ပုံ-MDY-PDF)

စဉ့်ကူးစစ်ဆင်ရေးနယ်မြေအတွင်း လက်နက်မျိုးစုံ ၄၀ ကျော်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရမိထားပြီး စစ်သုံ့ပန်း (၁၃) ဦးခန့်ကိုလည်း ဖမ်းဆီးရရရှိ​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အား စဉ့်ကူးမြို့နယ် ပကဖ မှလည်း ထောက်ပို့ဆိုင်ရာကိစ္စရပ်များတွင် ပံ့ပိုးကူညီပေးလျက်ရှိ​ကြောင်းအသိ​ပေးထားသည်။

မန္တ​လေး PDF က စဉ့်ကူးမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ​ကြောင်းလည်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများလည်း ရှိခဲ့သည်။

(မန္တ​​လေး PDF က သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် စစ်စခန်းများ နှင့် စစ်သုံ့ပန်များ။ဓါတ်ပုံ-MDY-PDF)
(မန္တ​​လေး PDF က သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် စစ်စခန်းများ နှင့် စစ်သုံ့ပန်များ။ဓါတ်ပုံ-MDY-PDF)

“ကြီးကြီးမားမားတော့ ထိခိုက်မှုမရှိပါဘူး။ ​ဒီနေ့တော့ လက်ပံလှကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ​လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာ အနီးအနားကအိမ်တွေအနီးကိုကျတယ်။ အရပ်သားထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့ ကနဦးသိထားပါတယ်။”ဟု MDY PDF၏ ပြောရေးဆိုခွင့်ရှိသူကိုအော်စမွန်က ပြောသည်။

ဇူလိုင် ၃ ရက်နေ့ခင်းပိုင်းတွင် စဥ့်ကူးမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းပိုင်းရှိ ပင်လယ်ကြီးရွာစစ်ဆေးရေးဂိတ်စခန်းအား PDFများက တိုက်ခိုက်ခဲ့ရာ နေ့လယ်ပိုင်းတွင် အဆိုပါ စခန်းနှင့်မနီးမဝေးရှိ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းကျေးရွာအား ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းမှ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(မန္တ​​လေး PDF က သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် စစ်စခန်းများ နှင့် စစ်သုံ့ပန်များ။ဓါတ်ပုံ-MDY-PDF)
(မန္တ​​လေး PDF က သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် စစ်စခန်းများ နှင့် စစ်သုံ့ပန်များ။ဓါတ်ပုံ-MDY-PDF)

တိုက်ခိုက်မှုကြောင့် ရုံးပင်ကုန်းရွာရှိ နေအိမ် နှစ်လုံး အမိုးများပျက်စီးကာ ပြည်သူ သုံးဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ တာဝန်ရှိသူက ပြောသည်။

“၂ကြိမ် လေးလုံး။ ပထမကြိမ်က ဟက်စကီးနဲ့။ ဖိုက်တာက၂လုံး။ အိမ် နှစ်လုံးပျက်တာရယ်။ အမျိုးသားတစ်ဦးခြေ ထောက်ပြတ်တယ်။ ပြည်သူထိခိုက်မှုများတယ်။ အရပ်သားပြည်သူသေဆုံးမှုတွေလဲရှိနိုင်တယ်။”ဟု အထက်ပါအဖွဲ့ တာဝန်ရှိသူက ပြောသည်။

မန္တ​လေး PDF သည် တအာင်းတပ်မတော်(TNLA)နှင့်အတူ ရှမ်းမြောက်စစ်ဆင်ရေးများ ဖော်ဆောင်နေသကဲ့သို့ မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာနှင့် စဉ့်ကူးနယ်များ၌လည်း စစ်ကောင်စီတပ်စခန်းများကိုလည်းထိုယစစ်ဆင်သိမ်းပိုက်​နေခြင်းဖြစ်သည်။ မတ္တရာမြို့နယ်တွင်လည်း စစ်​ကောင်စီတပ်၏ ​လေ​ကြောင်းရန် ကာကွယ်​ရေးတပ်အပါအဝင် စစ်တပ်စခန်း​ပေါင်း ၈ ခုကိုသိမ်းပိုက်ပြီးစစ်သုံ့ပန်း နှင့် လက်နက်ချသူ ၆၄ ဦး ၊လက်နက်မျိုးစုံ ၁၂၅ လက် သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။