စစ်အာဏာရှင်ဖြုတ်ချရေးအတွက် အတားအဆီးအမျိုးမျိုးကြားမှ အင်အားအများအပြားဖြင့် မုံရွာပင်မသပိတ်စစ်ကြောင်း ယနေ့တွင် ဆက်လက်၍ လမ်းမပေါ်ထွက်လာခဲ့သည်။
ယနေ့တွင်လည်း မုံရွာပင်မသပိတ်ဦးဆောင်သော လူထုစစ်ကြောင်းသည်”၄၆ ကြိမ်မြောက် ကချင်အာဇာနည်နေ့ “အထိမ်းအမှတ်အဖြစ်လူထုအင်အား မြောက်များစွာနဲ့ လမ်းမကြီးထက် တစ်ဖန်စုစည်း ချီတက်ခဲ့ကြပြီး အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းကို အောင်မြင်စွာလူစုခွဲခဲ့ကြပါတယ်ဟု ပြည်သူ့ မီဒီယာ ကွန်ယက်-မုံရွာက ထုတ်ပြန်ထားသည်။
စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၉၁ ရက်ရှိပြီဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကို အသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်း ပြည်သူများက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း ၁၈၈ ရက်ရှိပြီဖြစ်သည်။