Connect with us

Hi, what are you looking for?

News

အင်အားအများအပြားနဲ့ လမ်း​ပေါ်ထွက်လာတဲ့ မုံရွာပင်မသပိတ်

နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၉၁ ရက်ရှိပြီဖြစ်သည်။

စစ်အာဏာရှင်ဖြုတ်ချ​ရေးအတွက် အတားအဆီးအမျိုးမျိုးကြားမှ အင်အားအများအပြားဖြင့် မုံရွာပင်မသပိတ်စစ်​ကြောင်း ယ​နေ့တွင် ဆက်လက်၍ လမ်းမ​ပေါ်ထွက်လာခဲ့သည်။

ယနေ့တွင်လည်း မုံရွာပင်မသပိတ်ဦးဆောင်သော လူထုစစ်ကြောင်းသည်”၄၆ ကြိမ်မြောက် ကချင်အာဇာနည်နေ့ “အထိမ်းအမှတ်အဖြစ်လူထုအင်အား မြောက်များစွာနဲ့ လမ်းမကြီးထက် တစ်ဖန်စုစည်း ချီတက်ခဲ့ကြပြီး အာဏာရှင်တော်လှန်ရေးသပိတ်စစ်‌ကြောင်းကို အောင်မြင်စွာလူစုခွဲခဲ့ကြပါတယ်ဟု ပြည်သူ့ မီဒီယာ ကွန်ယက်-မုံရွာက ထုတ်ပြန်ထားသည်။

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၉၁ ရက်ရှိပြီဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကို အသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်း ပြည်သူများက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း ၁၈၈ ရက်ရှိပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။