Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်မတိုင်မီ အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီးနဲ့​တွေ့ဆုံ

အာဆီယံဆုံးဖြတ်ချက် ငါးရပ်ကို အကြမ်းဖက်စစ်ကောင်စီက တာဝန်ခံဖို့နဲ့ မြန်မာကို ဒီမိုကရေစီ လမ်း ကြောင်းပေါ်ပြန်လည်ရောက်ရှိစေဖို့ အထူးကိုယ်စား လှယ်ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာရှိ တယ်လို့ အမေရိကန်က ရှုမြင်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး Wendy Sherman ဟာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Erywan Yusof နဲ့ မနေ့က အွန်လိုင်းကနေတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အာဆီယံဆုံးဖြတ်ချက် ငါးရပ်ကို အကြမ်းဖက်စစ်ကောင်စီက တာဝန်ခံဖို့နဲ့ မြန်မာကို ဒီမိုကရေစီ လမ်း ကြောင်းပေါ်ပြန်လည်ရောက်ရှိစေဖို့ အထူးကိုယ်စား လှယ်ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာရှိ တယ်လို့ အမေရိကန်က ရှုမြင်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီးနဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ရဲ့ ဆွေးနွေးမှုအသေးစိတ်ကိုထုတ်ပြန်ခြင်းမရှိပါဘူး။

အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားပြီး သက်ဆိုင်တဲ့ပါတီအားလုံးနဲ့တွေ့ဆုံခွင့်ရရှိဖို့ အကြမ်းဖက်စစ်ကောင်စီကို ပြောကြားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဒီနေ့ထုတ်ပြန်ချက်အရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အာဆီယံအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံဖို့ရှိနေပြီး ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဆိုထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကောင်းစွာသုံးသပ်ပြီး ဝိုင်းဝန်းအဖြေရှာပေးနိုင်မယ်လို့လည်း NUG က မျှော် လင့်ပါတယ်။