Connect with us

Hi, what are you looking for?

News

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်မတိုင်မီ အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီးနဲ့​တွေ့ဆုံ

အာဆီယံဆုံးဖြတ်ချက် ငါးရပ်ကို အကြမ်းဖက်စစ်ကောင်စီက တာဝန်ခံဖို့နဲ့ မြန်မာကို ဒီမိုကရေစီ လမ်း ကြောင်းပေါ်ပြန်လည်ရောက်ရှိစေဖို့ အထူးကိုယ်စား လှယ်ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာရှိ တယ်လို့ အမေရိကန်က ရှုမြင်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး Wendy Sherman ဟာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Erywan Yusof နဲ့ မနေ့က အွန်လိုင်းကနေတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အာဆီယံဆုံးဖြတ်ချက် ငါးရပ်ကို အကြမ်းဖက်စစ်ကောင်စီက တာဝန်ခံဖို့နဲ့ မြန်မာကို ဒီမိုကရေစီ လမ်း ကြောင်းပေါ်ပြန်လည်ရောက်ရှိစေဖို့ အထူးကိုယ်စား လှယ်ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာရှိ တယ်လို့ အမေရိကန်က ရှုမြင်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီးနဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ရဲ့ ဆွေးနွေးမှုအသေးစိတ်ကိုထုတ်ပြန်ခြင်းမရှိပါဘူး။

အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားပြီး သက်ဆိုင်တဲ့ပါတီအားလုံးနဲ့တွေ့ဆုံခွင့်ရရှိဖို့ အကြမ်းဖက်စစ်ကောင်စီကို ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဒီနေ့ထုတ်ပြန်ချက်အရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အာဆီယံအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံဖို့ရှိနေပြီး ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဆိုထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကောင်းစွာသုံးသပ်ပြီး ဝိုင်းဝန်းအဖြေရှာပေးနိုင်မယ်လို့လည်း NUG က မျှော် လင့်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

Facebook