Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများကိုကူညီရန် အရေးပေါ် ရန်ပုံငွေ ဒေါ်လာ ၈၆သန်းရရှိရန် ကြိုးပမ်းနေဟု WFP ထုတ်ပြန်

နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရသူများအား ယခုသြဂုတ်လအတွင်း တိုးချဲ့ကူညီသွားရန် ဆောင်ရွက်လျက်ရှိ ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဥ် (WFP) ၏ အသက်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နိုင်ရန် ယခုလမှစ၍ ၂၀၂၂ ဇန်နဝါရီအထိ ကြားကာလ အရေးပေါ် ရန်ပုံငွေလိုအပ်ချက် အမေရိကန်ဒေါ်လာ (၈၆) သန်းရရှိရန်လည်း ကြိုးပမ်းလျက်ရှိကြောင်း WFPက ထုတ်ပြန်သည်။

WFP သည် မြို့ပြစားနပ်ရိက္ခာ အ‌ထောက်အပံ့စီမံချက်တစ်ခုကို မေလ၌ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များမှ ထိခိုက်လွယ်သူ လူဦးရေပေါင်း ၆၅၀,၀၀၀ အထိ တိုက်ရိုက်ကူညီပံ့ပိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းတို့အနက်တွင် မိခင်များ၊ ကလေးငယ်များ၊မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ အများစုပါဝင်သည်ဟု ဆိုသည်။

ထို့အပြင် မကြာသေးခင်က နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားခဲ့သော အခြေအနေမငြိမ်သက်မှုများကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရသူ ၁၇,၅၀၀ ဦးကိုလည်း ထောက်ပံ့ကူညီနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရသူများအား ယခုသြဂုတ်လအတွင်း တိုးချဲ့ကူညီသွားရန် ဆောင်ရွက်လျက်ရှိ ကြောင်း ဖော်ပြသည်။

၂၀၂၁ ၏ ပထမခုနှစ်လအတွင်းတွင် WFP သည် မြို့ပြဒေသများနှင့် ကျေးလက်ဒေသများရှိ မြန်မာပြည်သူလူဦးရေ ၁ ဒဿမ ၂၅သန်းအတွက် စားနပ်ရိက္ခာ၊ ငွေသားနှင့် အာဟာရ အထောက်အပံ့များကို ပေးအပ်ထောက်ပံ့နိုင်ခဲ့ပြီဖြစ်ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံတဝန်းပိုမိုဆိုးရွားလာတဲ့စားနပ်ရိက္ခာအကျပ်အတည်းကိုရင်ဆိုင်ရာမှာအထောက်အကူဖြစ်ဖို့အတွက်ဥရောပသမဂ္ဂ(EU)ကယူရိုငွေ ၈ သန်းကိုထောက်ပံ့ကူညီလာတယ်လို့ ကုလသမဂ္ဂရဲ့ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ်(WFP) ဒီနေ့ ( မေလ ၁၈ )မှာထုတ်ပြန်ပါတယ်။