Connect with us

Hi, what are you looking for?

News

အာဆီယံအထူးကိုယ်စားလှယ် ဒီမိုကရေစီလိုလားသူတွေနဲ့ဆွေးနွေးဖို့လိုတယ်လို့ ဂျပန်တိုက်တွန်း

ဩဂုတ် ၈ ရက်က Kyodo News သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာလူထုခေါင်းဆောင်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ အချိန်စောင့်ဆိုင်းရဦးမယ်လို့ ပြောပါတယ်။

ဓာတ်ပုံ - Toshimitsu Motegi/twitter

အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလိုလားသူတွေနဲ့ဆွေးနွေးဖို့လိုအပ်တယ်လို့ ဂျပန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက ခန့်အပ်လိုက်တဲ့ အထူးကိုယ်စားလှယ် Erywan Yusof ကို ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Toshimitsu Motegi က ဩဂုတ် ၁၂ ရက်မှာ တယ်လီဖုန်းနဲ့ဆွေးနွေးရာမှာ အချိန်မဆိုင်းဘဲ မြန်မာနိုင်ငံကို သွားရောက်ဖို့နဲ့ အကြမ်းဖက်စစ်တပ်နဲ့သာမက ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်း ပြောဆိုခဲ့တာပါ။

“နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဆက်ဆံပြောဆိုဖို့အရေးကြီးတယ်” လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အထူး ကိုယ်စားလှယ်ကို အလေးပေးပြောပါတယ်။

မြန်မာ့အရေးအပေါ် အာဆီယံအထူးကိုယ်စားလှယ်ရဲ့လှုပ်ရှားလုပ်ဆောင်မှုတွေကို ဂျပန်အစိုးရက အပြည့်အ၀ ကူညီမယ့်အကြောင်း Toshimitsu Motegi က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၈ ရက်က Kyodo News သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာလူထုခေါင်းဆောင်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ အချိန်စောင့်ဆိုင်းရဦးမယ်လို့ ပြောပါတယ်။

မြန်မာပြည်ကိုအရေးပေါ်လာရောက်ဖို့လိုအပ်တာမှန်ပေမယ့် ကောင်းစွာပြင်ဆင်ထားတဲ့ခရီးစဉ်ဖြစ်ဖို့လိုအပ်တယ် လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ် ဦးစားပေးအစီအစဉ်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူသားချင်းစာ နာမှုဆိုင်ရာအကျပ်အတည်းကို ဖြေရှင်းဖို့ဖြစ်မယ်လို့ ဆိုပါတယ်။

ကိုးကား – Anadolu Agency ၊ Kyodo News

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...