Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းချိန်ကစလို့ အကြမ်းဖက်စစ်တပ်က ကျန်းမာရေးကဏ္ဍတိုက်ခိုက်မှု ၂၅၀ ကျော် ကျူးလွန်တယ်လို့ အစီရင်ခံစာထုတ်ပြန်

မြန်မာနိုင်ငံမှာ အကြမ်းဖက်ခြင်း သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုကို တားဆီးပိတ်ပင်ခြင်း’လို့ အမည်ပေးထားတဲ့ အစီရင်ခံစာကို Safeguarding Health in Conflict Coalition က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကျန်းမာ ရေးဝန်ထမ်း ၁၉၀ ဟာ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခံရတာလို့ ဆိုပါတယ်။

မြန်မာအကြမ်းဖက်စစ်တပ်ဟာ တရားမဝင်အာဏာသိမ်းချိန် ဖေဖော်ဝါရီကစလို့ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှု ၂၅၀ ကျော်ကျူးလွန်ခဲ့ပြီး အဲဒီများပြားတဲ့ကျူးလွန်မှုတွေအတွက် တာဝန်ရှိတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Safeguarding Health in Conflict Coalition က ထုတ်ပြန်ပါတယ်။

‘မြန်မာနိုင်ငံမှာ အကြမ်းဖက်ခြင်း သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုကို တားဆီးပိတ်ပင်ခြင်း’လို့ အမည်ပေးထားတဲ့ အစီရင်ခံစာကို Safeguarding Health in Conflict Coalition က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကျန်းမာ ရေးဝန်ထမ်း ၁၉၀ ဟာ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခံရတာလို့ ဆိုပါတယ်။

ဆေးရုံ ၈၆ ရုံဟာ စီးနင်းတိုက်ခိုက်ခံရပြီး ၅၅ ရုံဟာ အကြမ်းဖက်စစ်တပ်က နေရာယူထားပါတယ်။ နောက်ပြီး စစ်တပ်ရဲ့လက်နက်ကြီးကျရောက်မှုကြောင့် ကိုဗစ်-၁၉ တုန့်ပြန်ရေးယန္တရားများ ပျက်ဆီးဆုံးရှုံးမှုအပါအဝင် ၁၇ နေရာဟာ တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ထမ်း ၂၇ ဦးဟာ သတ်ဖြတ်ခံခဲ့ရပြီး ၃၆ ဦးဟာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

“ကျန်းမာရေးဝန်ထမ်းတွေဟာ ဖမ်းဆီးချုပ်နှောင်ခံရမှာစိုးရိမ်လို့ တိမ်းရှောင်ရတာ ဒါမှမဟုတ် ဖမ်း၀ရမ်းအထုတ်ခံရတာ စသဖြင့် အတင်းအကြပ်ဖိအားပေးခံနေရပါတယ်။ တချို့ဖြစ်ရပ်တွေ မှာ သူတို့အစား မိသားစုဝင်တွေကို ဖမ်းဆီးတာမျိုးရှိပါတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

အစီရင်ခံစာအရ ရန်ကုန်နဲ့ မန္တလေးမြို့တို့ဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှု ဗဟိုချက်မပစ်မှတ် တွေဖြစ်ပြီး အကြမ်းဖက်မှု ၁၅ ခုကတော့ အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ ကျန်းမာရေးအဖွဲ့တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာဥပဒေတို့ကို ကျင့်သုံးသင့်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း ကောင်စီရဲ့လုပ်ပိုင်ခွင့်ဆုံးဖြတ်ချက်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီကို တာဝန်ခံစေဖို့ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အဖွဲ့ဝင်တွေဟာ အစီရင်ခံစာမှာ ဖော်ပြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုသာမက ဒီမိုကရေစီနည်းကျရွေးကောက်ခံခေါင်းဆောင်တွေ၊ ဂျာနယ်လစ်တွေကိုလည်း ပစ်မှတ် ထားတိုက်ခိုက်နေပါတယ်။

ကိုးကား – jurist.org

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။