Connect with us

Hi, what are you looking for?

News

အာဏာသိမ်းချိန်ကစလို့ အကြမ်းဖက်စစ်တပ်က ကျန်းမာရေးကဏ္ဍတိုက်ခိုက်မှု ၂၅၀ ကျော် ကျူးလွန်တယ်လို့ အစီရင်ခံစာထုတ်ပြန်

မြန်မာနိုင်ငံမှာ အကြမ်းဖက်ခြင်း သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုကို တားဆီးပိတ်ပင်ခြင်း’လို့ အမည်ပေးထားတဲ့ အစီရင်ခံစာကို Safeguarding Health in Conflict Coalition က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကျန်းမာ ရေးဝန်ထမ်း ၁၉၀ ဟာ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခံရတာလို့ ဆိုပါတယ်။

မြန်မာအကြမ်းဖက်စစ်တပ်ဟာ တရားမဝင်အာဏာသိမ်းချိန် ဖေဖော်ဝါရီကစလို့ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှု ၂၅၀ ကျော်ကျူးလွန်ခဲ့ပြီး အဲဒီများပြားတဲ့ကျူးလွန်မှုတွေအတွက် တာဝန်ရှိတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Safeguarding Health in Conflict Coalition က ထုတ်ပြန်ပါတယ်။

‘မြန်မာနိုင်ငံမှာ အကြမ်းဖက်ခြင်း သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုကို တားဆီးပိတ်ပင်ခြင်း’လို့ အမည်ပေးထားတဲ့ အစီရင်ခံစာကို Safeguarding Health in Conflict Coalition က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကျန်းမာ ရေးဝန်ထမ်း ၁၉၀ ဟာ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခံရတာလို့ ဆိုပါတယ်။

ဆေးရုံ ၈၆ ရုံဟာ စီးနင်းတိုက်ခိုက်ခံရပြီး ၅၅ ရုံဟာ အကြမ်းဖက်စစ်တပ်က နေရာယူထားပါတယ်။ နောက်ပြီး စစ်တပ်ရဲ့လက်နက်ကြီးကျရောက်မှုကြောင့် ကိုဗစ်-၁၉ တုန့်ပြန်ရေးယန္တရားများ ပျက်ဆီးဆုံးရှုံးမှုအပါအဝင် ၁၇ နေရာဟာ တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ထမ်း ၂၇ ဦးဟာ သတ်ဖြတ်ခံခဲ့ရပြီး ၃၆ ဦးဟာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

“ကျန်းမာရေးဝန်ထမ်းတွေဟာ ဖမ်းဆီးချုပ်နှောင်ခံရမှာစိုးရိမ်လို့ တိမ်းရှောင်ရတာ ဒါမှမဟုတ် ဖမ်း၀ရမ်းအထုတ်ခံရတာ စသဖြင့် အတင်းအကြပ်ဖိအားပေးခံနေရပါတယ်။ တချို့ဖြစ်ရပ်တွေ မှာ သူတို့အစား မိသားစုဝင်တွေကို ဖမ်းဆီးတာမျိုးရှိပါတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

အစီရင်ခံစာအရ ရန်ကုန်နဲ့ မန္တလေးမြို့တို့ဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှု ဗဟိုချက်မပစ်မှတ် တွေဖြစ်ပြီး အကြမ်းဖက်မှု ၁၅ ခုကတော့ အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ ကျန်းမာရေးအဖွဲ့တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာဥပဒေတို့ကို ကျင့်သုံးသင့်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း ကောင်စီရဲ့လုပ်ပိုင်ခွင့်ဆုံးဖြတ်ချက်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီကို တာဝန်ခံစေဖို့ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အဖွဲ့ဝင်တွေဟာ အစီရင်ခံစာမှာ ဖော်ပြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုသာမက ဒီမိုကရေစီနည်းကျရွေးကောက်ခံခေါင်းဆောင်တွေ၊ ဂျာနယ်လစ်တွေကိုလည်း ပစ်မှတ် ထားတိုက်ခိုက်နေပါတယ်။

ကိုးကား – jurist.org

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ် စခန်းအပါအဝင် မြို့နယ်အတွင်းရှိ တပ်စွဲရာနေရာ၄ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က ကရင်ပြည်နယ်၊ မြဝတီတောင်ဘက် လေးကေ့ကော်ဒေသ အနီးတဝိုက်က ဒေသခံတွေ ခိုလှုံနေတဲ့ စစ်ရှောင်စခန်းကို ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ပြည်သူတွေကို နှောက်ယှက် ငွေညှစ်တောင်းခံနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) ဟားခါးက မတ်လ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကနီမြို့နယ်မှာအလှူအိမ်ကို လက်နက်ကြီးနဲ့ပစ်ပြီး ‌ ရဟန်းနဲ့ ​​မောင်ရင်​လောင်း​တွေအပါအဝင် ပြည်သူ ၇ ဦးကိုသတ်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းကို ULF စစ်ကြောင်းကပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

Facebook