Connect with us

Hi, what are you looking for?

News

စားဝတ်​နေ​ရေးအဆင်မ​ပြေ၍ အလံဖြူ​ထောင် အကူအညီ​တောင်းခံသူအား ခြိမ်း​ခြောက်သည့် မင်္ဂလာဒုံမြို့နယ်က ဆယ်အိမ်မှူး သေနတ်​ဖြင့်ပစ်ခံရ

ဂါကြောင့် မိသားစုစားဝတ်နေရေး အခက် အခဲဖြစ်၍ အလံဖြူထောင်ကာ အကူအညီတောင်းခံခဲ့သည့် ကြံခင်းစုရပ်ကွက်ရှိ နေအိမ်ကို အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့က ခေါ်ယူ​ခြိမ်းခြောက်မှု ဇူလိုင် ၃၀ရက်က ဖြစ်ပွားသေးသည်။

People's Spring
People's Spring

ကိုဗစ်ကပ်​ရောဂါကာလ စားဝတ်​နေ​ရေးအခက်အခဲဖြစ်၍ အလံဖြူ​ထောင်အကူအညီ​တောင်းသူကို ဖိအား​ပေးခြိမ်း​ခြောက်ခဲ့သည့် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက် ဆယ်အိမ်မှူးသေနတ်ဖြင့်ပစ်ခံရမှု ယနေ့ (သြဂုတ် ၁၄ရက်)နေ့လည်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဆယ်အိမ်မှူးသည် ရပ်ကွက်ရုံးအတွင်း ​ပစ်ခံရခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာလည်း ဒဏ်ရာရရှိိခဲ့သည်။

“​နေ့လည် ၁ နာရီ ကျော်လောက်က ရပ်ကွက်ရုံးနားမှာ သေနတ်သံတွေ ကြားရတာပါ။ နှစ်ယောက်ထိတယ်လို့ သိရတယ်။ တစ်ယောက်က ရပ်ကွက်ဆယ်အိမ်မှူးပါ။ သူက မျက်လုံးနဲ့ ခြေထောက်ထိသွားတယ်။ နောက်တစ်ယောက်က ရင်ဘတ်ထိတယ် ကြားတယ်။ ဆေးရုံကားတွေ လာခေါ်သွားပါတယ် “ဟု ၎င်းက ပြောသည်။

အခင်းဖြစ်ပွားသည့် ရပ်ကွက်ရုံးဝန်းကျင်ကို အကြမ်း ဖက် စစ်ကောင်စီတပ်သားများက စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးကဆိုသည်။

Public Service Announcement

Public Service Announcement

ကိုဗစ်ကပ်​ရောဂါကြောင့် မိသားစုစားဝတ်နေရေး အခက် အခဲဖြစ်၍ အလံဖြူထောင်ကာ အကူအညီတောင်းခံခဲ့သည့် ကြံခင်းစုရပ်ကွက်ရှိ နေအိမ်ကို အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့က ခေါ်ယူ​ခြိမ်းခြောက်မှု ဇူလိုင် ၃၀ရက်က ဖြစ်ပွားသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်ထဲက Myanmar Asia Optical စက်ရုံမှာ မီးလောင်မှုဖြစ်နေပြီး မီးလောင်ချိန် နှစ်နာရီကြာသည်အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပါတယ်။

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က မြို့နယ်ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး)ရုံးကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army တာဝန်ရှိသူကပြောပါတယ်။

သတင်း

စစ်တပ်သမိုင်းတွင် ပထမဆုံးတိုင်းစစ်ဌာနချုပ် ဆုံးရှုံးမှုအဖြစ် ပြီးခဲ့သည့် သြဂုတ်လဆန်းတွင်လားရှိုး မြို့ရှိ အ​ရှေ့​​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MMDAAနှင့်မဟာမိတ်တပ်​ပေါင်းစုကသိမ်းပိုက်ခဲ့သည်။

သတင်း

ပျက်ကျသည့် ဒရုန်းကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့သော်လည်း ယင်းနေရာတွင် စစ်ကောင်စီတပ်သားများက စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေ၍ ကြိုးပမ်းမှုကို လက်လျော့ခဲ့ရကြောင်း ရန်ကုန်သူပုန်အဖွဲ့က ဆိုသည်။