Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာဒုံ စက်မှုဇုန်က မှန်ဘီလူးစက်ရုံမီး နှစ်နာရီကျော်ကြာသည်အထိ မငြိမ်းသေး

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်ထဲက Myanmar Asia Optical စက်ရုံမှာ မီးလောင်မှုဖြစ်နေပြီး မီးလောင်ချိန် နှစ်နာရီကြာသည်အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပါတယ်။

မတ်-၂၆၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်ထဲက Myanmar Asia Optical စက်ရုံမှာ မီးလောင်မှုဖြစ်နေပြီး မီးလောင်ချိန် နှစ်နာရီကြာသည်အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပါတယ်။

“ဂိုဒေါင်ထဲမှာလှိုက်လောင်နေတာ ။ Optical ဆိုတော့ မှန်ဘီလူးစက်ရုံပေါ့”လို့ မီးလောင်ပြင်ကိုရောက်ရှိနေသူတစ်ဦးကပြောပါတယ်။

ဒီနေ့ည ၁၂ နာရီကျော်မှာ မီးလောင်မှုစတင်ခဲ့တာဖြစ်ပြီး တစ်နာရီနီးပါးကြာသည်အထိ မီးမထိန်းနိုင်သေးတာကြောင့် Level 2 ယာဉ်အုပ်စုတွေနဲ့ မီးငြှိမ်းသတ်နေရတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Level 2 ယာဉ်အုပ်စုတွေနဲ့ ငြှိမ်းသတ်တာလည်း တစ်နာရီကျော်ကြာပေမယ့် မီးလောင်မှုနဲ့ အခြေအနေနဲ့ပတ်သက်ပြီး နံနက် ၂ နာရီအချိန်အထိ မီးသတ်တပ်ဖွဲ့က သတင်းထပ်မံထုတ်ပြန်ထားတာတော့မရှိသေးပါဘူး။

“စစကြားချင်းကနေ ခဏဥဩသံပြတ်သွားသေး ။ဒုတိယတစ်ဖြတ်ထပ်ကြားတော့ ဥဩအသံတန်းက ပထမတစ်ခါထပ်ပိုကြာတယ်ရော မီးပြင်းတယ်ထင်ပါ့။” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Level 2 အဆင့် မီးငြှိမ်းသတ်ယာဉ်တွေနဲ့ ငြှိမ်းသတ်နေတာဖြစ်လို့ ရန်ကုန်မြို့ရဲ့ မြို့နယ်တော်တော်များများက မီးသတ်ကားတွေသွားနေကြောင်း ဒေသခံတွေကပြောပါတယ်။

ညပိုင်းမှာ စက်ရုံပိတ်ထားခြင်းရှိမရှိ လူထုနွေဦးအနေနဲ့ သီးသန့် အတည်မပြုနိုင်ပေမယ့် မီးလောင်မှုကိုလာကြည့်သူ‌တွေထဲမှာ တူညီဝတ်စုံ ဝတ်ထားသူတွေကိုတွေ့ရပါတယ်။

ဂိုဒေါင်တွေထဲမှာ မီးခိုးတွေလုံးနေတာကြောင့် မီးခိုးတွေအပြင်ထွက်ဖို့ အပေါက်တွေဖောက်ပြီးမှ မီးငြှိမ်းသတ်ဖို့ လုပ်ဆောင်နေရတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား တစ်ခုမှာ ဆိုးရွားတဲ့ မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖိနပ်စက်ရုံ မီးလောင်ရာက လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။