Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာဒုံမှာ ဒဏ်ရာတွေနဲ့ အမျိုးသမီးအလောင်းတွေ့

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦး ရုပ်အလောင်းစွန့်ပစ်ထားတာ တွေ့ရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က ကိုထင်လင်းအောင်က ပြောပါတယ်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦး ရုပ်အလောင်းစွန့်ပစ်ထားတာ တွေ့ရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က ကိုထင်လင်းအောင်က ပြောပါတယ်။

ဇူလိုင်-၇၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦး ရုပ်အလောင်းစွန့်ပစ်ထားတာ တွေ့ရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က ကိုထင်လင်းအောင်က ပြောပါတယ်။

ဇူလိုင် ၆ ရက် မနက်က မင်္ဂလာဒုံမြို့နယ် ပုလဲအိမ်ယာဝင်းထဲက အမှိုက်တွေပစ်တဲ့နေရာမှာ အသက် ၃၀ဝန်းကျင် အမျိုးသမီးရုပ်အလောင်းကို ရေသန့်ဘူး‌ နဲ့ ပလစတစ်ကောက်တဲ့သူက စတင်တွေ့ရှိခဲ့တာလို့ ပြောပါတယ်။

“လည်ပင်းကိုကြိုးနဲ့စည်းထားတယ်။ ရုတ်တရက်ကြည့်ရင်တော့ ဆွဲကြိုးချသတ်သေသလိုလို ဘာလိုလိုညာလိုလို ပုံစံဖမ်းထားဝာာ။မနေ့ကတရားခံကို လွတ်နေတာဖြစ်တဲ့အတွက် ပို့စ်ကိုမတင်သေးဝာာ”လို့ ကိုထင်လင်းအောင်က ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ Live လွှင့်ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

‌ဒီနေ့(ဇူလိုင်၇)အထိ တရားခံ မဖမ်းနိုင်သေးပေမယ့် သေဆုံးသူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို သိရှိနိုင်ဖို့ ဖေ့စ်ဘွတ်ခ်မှာ ဓာတ်ပုံတင်ပေးခဲ့တာလို့ ဆိုပါတယ်။

“ထင်ရှားတဲ့ အမှတ်အသားက လက်မှာ ဆေးခြောက်ရွက်ပုံစံတတ်တူးထိုးထားတယ်။ နည်းနည်းကြီးတယ်။ပိန်တယ်။ အသားဖြူတယ်။ နောက်ပြီးတော့ ဂုတ်မှာ ဇာမဏီရုပ်ရယ် လာဘ်ခေါ်တဲ့ အဝိုင်းလေးရယ် ထိုးထားတယ်” လို့ သေဆုံးသူရဲ့ သွင်ပြင်နဲ့ပတ်သက်ပြီး ကိုထင်လင်းအောင်က ပြောပါတယ်။

သေဆုံးသူက မန်ချက်စတာယူနိုက်တတ်အသင်း အင်္ကျီ ဝတ်ဆင်ထားတာကို ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

သေဆုံးသူကို ပုလဲအရန်မီးသတ်တပ်ဖွဲ့က ရဲတပ်ဖွဲ့ဆေးစာနဲ့ မေဓာဝီဆေးရုံကိုပို့ဆောင်ထားပြီး သေဆုံးသူနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေသိရှိရင်ကူညီပေးဖို့ ကိုထင်လင်းအောင်က တောင်းဆိုထားပါတယ်။

ရန်ကုန်အပါအဝင် နယ်မြို့တွေမှာ ပစ္စည်းလုယက်ပြီး လူသတ်တဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတာကြောင့် ပြည်သူတွေက အာဏာသိမ်းစစ်တပ်ကို ဝေဖန်ထားကြပါတယ်။

ပြီးခဲ့တဲ့ရက်က မော်လမြိုင်မြို့မှာ ဆိုင်ကယ်ကယ်ရီမောင်းတဲ့ အမျိုးသားတစ်ဦးကို ဆိုင်ကယ်လုယက်ပြီး သတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်ထဲက Myanmar Asia Optical စက်ရုံမှာ မီးလောင်မှုဖြစ်နေပြီး မီးလောင်ချိန် နှစ်နာရီကြာသည်အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပါတယ်။

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က မြို့နယ်ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး)ရုံးကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army တာဝန်ရှိသူကပြောပါတယ်။

သတင်း

ပျက်ကျသည့် ဒရုန်းကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့သော်လည်း ယင်းနေရာတွင် စစ်ကောင်စီတပ်သားများက စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေ၍ ကြိုးပမ်းမှုကို လက်လျော့ခဲ့ရကြောင်း ရန်ကုန်သူပုန်အဖွဲ့က ဆိုသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။