Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာဒုံ ကြံ့ဖွံ့ရုံးကို မြို့ပြအဖွဲ့တွေတိုက်ခိုက်

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က မြို့နယ်ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး)ရုံးကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army တာဝန်ရှိသူကပြောပါတယ်။

အောက်တိုဘာ-၁၅၊ ၂၀၂၅။ သတိုး/People’s Spring

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က မြို့နယ်ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး)ရုံးကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army တာဝန်ရှိသူကပြောပါတယ်။

“ မိုင်းတစ်လုံး ၊ လက်ပစ်ဗုံးနှစ်လုံးနဲ့ ရုံးဖွင့်ချိန်စောင့်ပြီးတိုက်ခိုက်ခဲ့တာပါ” လို့ သူက ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက် နံနက် ၉ နာရီ‌ခန့်မှာကြံ့ဖွံ့ရုံးကို Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ပစ်မှတ်ကို ထိထိရောက်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုရှိနိုင်ပြီး မစ်ရှင်လုပ်ဆောင်တဲ့ ရဲဘော်တွေတော့ ဘေးကင်းတယ်လို့ သိရပါတယ်။

အနောက်ပိုင်းခရိုင် ပကဖကလည်း ဒီစစ်ဆင်ရေး အကြောင်းကို ထုတ်ပြန်ထားပြီး စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တိုက်တွန်းထားပါတယ်။

မြေပြင်သတင်းတွေကို ဖော်ပြတဲ့ Hlaing Info ရဲ့ ဖေ့စ်ဘွတ်မှာတော့ မင်္ဂလာဒုံမြို့နယ်မှာ ဒီနေ့ မနက် ပေါက်ကွဲသံနှစ်ကြိမ်ကြားရတယ်လို့ ဒေသခံတွေက သတင်းပေးပို့ကြောင်း ဖော်ပြထားပါတယ်။

“ တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သတ်တဲ့အရာတွေလုပ်ဆောင်နေတဲ့ ဘယ်ပါတီ၊ ဘယ်လူပုဂ္ဂိုလ်အားလုံးကိုတိုက်ခိုက်သွားမှာပါ။

မဲဆွယ်စည်းရုံးရေးဆင်းကြမယ့်အမတ်အလောင်းများလဲသတိကြီးကြီးထားကြဖို့အသိပေးလိုပါတယ်” လို့ Yangon Army တာဝန်ရှိသူက သတိပေးပါတယ်။

Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေး အဖွဲ့တွေကို ဩဂုတ်လကတည်းက တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

ရန်ကုန်မှာ ပြီးခဲ့တဲ့ ဩဂုတ်နဲ့ စက်တင်ဘာအတွင်းမှာ မြို့ပြအဖွဲ့တွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေတဲ့ နေရာ ၁၃ ခုကို တိုက်ခိုက်မှုတွေ ပြုလုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်‌ကောင်စီလုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမပေါ်က ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဆောင်းပါး

လပြည့်ညက စစ်ကောင်စီ ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ ဒီနေရာဟာ အခုတော့ လူသူမရှိ ငြိမ်သက်နေခဲ့တယ်။ ဒါပေမဲ့ အနံ့အသက်တခုတော့ ဦးဇင်းရခဲ့တယ်။ "ဒီနေ့ထိ သွေးညှိအနံ့တွေ ရနေတုန်း"လို့ ဦးဇင်းက မိန့်တယ်။

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက်ပူးပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီးနေတဲ့ ရန်ကုန်မြို့က ဗဟန်းမြို့မရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

သတင်း

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မှာရှိတဲ့ စစ်ကောင်စီရဲစခန်းနဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

Facebook