Connect with us

Hi, what are you looking for?

News

မြို့ပတ်ရထားမှာလုံခြုံရေးလိုက်တဲ့ ရဲခြောက်ဦး သေနတ်နဲ့ပစ်ခံရ၊ လေးဦးသေဆုံး

လက်ရှိအခြေအနေမှာ သေဆုံးရုပ်အလောင်းတွေကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေလာရောက်သယ်ဆောင်သွားပြီး ဟုမ်းလမ်းဘူတာနဲ့ ကြည့်မြင်တိုင်ဘူတာဝန်းကျင်မှာ ရှာဖွေစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ မြို့ပတ်ရထားပေါ်မှာ လုံခြုံရေးလိုက်ပါတဲ့ ရဲတပ်ဖွဲ့ဝင်ခြောက်ဦးသေနတ်နဲ့ပစ်ခံရပြီး လေးဦးသေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့(သြဂုတ် ၁၄)ညနေ ၅ နာရီခန့်က အလုံမြို့နယ် ဟုမ်းလမ်းဘူတာကနေ ကြည့်မြင်တိုင်ဘူတာဘက်မောင်းနှင်လာတဲ့ မြို့ရထားနောက်ဆုံးတွဲပေါ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ မျက်မြင်တွေ့ရှိသူတချို့က ပြောပါတယ်။

မီးရထားတွဲတစ်ခုတည်းလိုက်ပါလာသူတစ်ဦးက စတင်ပစ်ခတ်ခဲ့တာပြီး ရဲခြောက်ဦးမှာ လေးဦးသေဆုံးတဲ့အပြင် နှစ်ဦးအပြင်းအထန်ဒဏ်ရာရတာကြောင့် ကုတင်(၅၀၀)တပ်ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။

“အင်းစိန်းမြို့နယ် ဈေးကုန်းအရှေ့ရပ်ကွက် ရထားရဲတပ်ခွဲ ၁၄ မှ ကိုယ့်အသိမိတ်ဆွေလည်း သေဆုံးသည့်အထဲပါဝင် တစ်ကယ်စိတ်မ​ကောင်းဖြစ်ရပါတယ်”လို့ ပစ်ခတ်မှုမှာသေဆုံးခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်လို့ CDM လုပ်ထားတဲ့ အင်းစိန်မီးရထားဝန်ထမ်းတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေမှာ သေဆုံးရုပ်အလောင်းတွေကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေလာရောက်သယ်ဆောင်သွားပြီး ဟုမ်းလမ်းဘူတာနဲ့ ကြည့်မြင်တိုင်ဘူတာဝန်းကျင်မှာ ရှာဖွေစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပစ်သတ်ခံရတဲ့ သေဆုံးရဲလေးဦးရဲ့ လက်နက်တွေလည်းပါသွားတယ်ဆိုပြီး ကားလမ်းပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်နေတာကြောင့် အဲဒီအနီးဝန်းကျင်ကို အသွားအလာသတိပြုကြဖို့ သတိပေးတာတွေလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။