Connect with us

Hi, what are you looking for?

News

မတရားသည့်အမိန့်ဟူသမျှ တာဝန်အရဖီဆန်ကြဆိုသည့် မုံရွာပင်မသပိတ်

ကိုဗစ်ကပ်​ရောဂါအ​ကြောင်းပြချက်ဖြင့် အာဏာသိမ်းစစ်​ကောင်စီက ​နေ့မထွက်ရအမိန့်ထုတ်ပြန်မှု​အ​ပေါ် မလိုက်နာဘဲ အာဏာဖီဆန်ကြရန်ရည်ရွယ်ချက်ဖြင့် မုံရွာပင်မသပိတ်​စစ်​ကြောင်းသည် ယ​နေ့ ​စျေးအတွင်းလှည့်လည်ဆန္ဒပြခဲ့ကြသည်။

သပိတ်ခေါင်း​ဆောင်တစ်ဦးကလည်း “ကပ်ကိုလည်း ကျော်၊ တပ်ကိုလည်း ဆော်” ဆိုသလို ကိုဗစ်ရောဂါအတွက် masks တပ်ခြင်း၊ လက်ဆေးခြင်းတွေကို ဆောင်ရွက်ကြရင်း မတရား အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြဖို့ မုံရွာမြို့နေ ပြည်သူလူထုကို တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ”ဟု ​ဟော​ပြောသည်။

မုံရွာခရိုင်ကို စစ်​ကောင်စီက ကိုဗစ်ကပ်​ရောဂါထိန်းချုပ်​ရေးအ​ကြောင်းပြချက်ဖြင့် သြဂုတ် ၁၄ ရက်ကစပြီး မရှိမဖြစ်စား​သောက်ကုန်​များ၊လူသုံးကုန် ပစ္စည်းအ​ရောင်ဆိုင်​များအပါအဝင် ဆိုင်အားလုံး နံနက် ၁၀ နာရီမှ ည​နေ ၄ နာရီအထိပိတ်ထားကြရန် ​အမိန့်ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

ဆက်စပ်သတင်းများ

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

Facebook