Connect with us

Hi, what are you looking for?

News

စမ်းချောင်း ဗဟိုလမ်းပေါ်ရှိ ရပ်ကွက်ရုံးဗုံးပေါက်

ညစျေးအနီး အထက်ကြည့်မြင်တိုင်လမ်းမကြီးဘေးပလက်ဖောင်းပေါ်၌ ရှာဖွေ​နေပြီး အိတ်အမဲနှင့် အထုပ်တစ်ထုပ်ကို ဓာတ်ပုံမှတ်တမ်းရိုက်ယူသွား​ကြောင်း ၎င်းက​ပြောသည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗဟိုလမ်းမပေါ် အာရှတော်ဝင်ဆေးရုံအနီးရှိ စမ်း​ချောင်း(​တောင်)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ယနေ့နံနက် ၁၀ နာရီခန့်က ဗုံးပေါက် ကွဲမှုဖြစ်ခဲ့ကြောင်း အဆိုပါရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။

“မနက်၁၀ နာရီလောက်မှာ ဗဟိုလမ်းပေါ်က ရပ်ကွက်ရုံးနားမှာ ဗုံးပေါက်တာပါ။ တစ်ယောက်မှ ထိခိုက်မှု ရှိတယ်လို့တော့ မကြားပါဘူး။ အခုတော့ ရဲတွေရော စစ်သားတွေရော အများကြီးရောက်နေပါတယ်။ ရပ်ကွက်ရုံးနားကို လမ်းပိတ်ထားပြီး စစ်ဆေးမှုတွေ လုပ်နေတာ တွေ့ရပါတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ယ​နေ့နံနက်​စောက ကြည့်မြင်တိုင်မြို့နယ်တွင်လည်း ​​ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
” မနက် ၃ နာရီ ၄၀ လောက်က ကြည့်မြင်တိုင်ဘက်က ပေါက်ကွဲသံကြားရတယ်။ စမ်းချောင်းဘက်က ကြားရတယ်။ မနက် ၆ နာရီခွဲလောက်မှာ မိုင်းရှင်းလင်းရေးလုပ်ရမှာမို့လို့ လမ်းသွားလမ်းလာ ကားတွကို ခတ္တပိတ်ထားမှာဖြစ်တယ်ဆိုပြီး မိုက်နဲ့အော်တယ်။ နာရီဝက်လောက်ကြာတယ် “ဟု စမ်းချောင်းသံတံတားလမ်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောပါတယ်။

ညစျေးအနီး အထက်ကြည့်မြင်တိုင်လမ်းမကြီးဘေးပလက်ဖောင်းပေါ်၌ ရှာဖွေ​နေပြီး အိတ်အမဲနှင့် အထုပ်တစ်ထုပ်ကို ဓာတ်ပုံမှတ်တမ်းရိုက်ယူသွား​ကြောင်း ၎င်းက​ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။