Connect with us

Hi, what are you looking for?

LuduNwayOo

News

ကုလက NUG ကို အသိအမှတ်ပြုတာ ဒါမှမဟုတ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်ရှိစေတာမျိုး ဖြစ်နိုင်တယ်လို့ အထူးအကြံပေးကောင်စီသုံးသပ်

းဖြတ်ချက်မျိုးဖြစ်ပြီး ထိုင်ခုံအလွတ်ထားတာကလည်း ကုလသမဂ္ဂပဋိဉာဉ်ကို ဆန့်ကျင်သလိုဖြစ်မှာလို့ SAC-M က သုံးသပ်ပါတယ်။

ကုလသမဂ္ဂကိုယ်စားလှယ်စိစစ်ရေးကော်မတီဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုယ်စား လှယ်ကို လက်ခံတာ ဒါမှမဟုတ် ဆုံးဖြတ်ချက်မချသေးဘဲ လက်ရှိကိုယ်စားလှယ် ဦးကျော်မိုး ထွန်းက ဆက်လက်ကိုယ်စားပြုတာ ဖြစ်နိုင်ခြေရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က သုံးသပ်ပါတယ်။

ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်သုံးဦးနဲ့ဖွဲ့စည်းထားတဲ့ SAC-M ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သုံးသပ်ရှင်းလင်းချက်စာတမ်း ၄ စောင်ထုတ်ပြန်ဖို့ရှိနေပြီး ပထမဆုံးစာတမ်းဖြစ်တဲ့ ‘ကုလသမဂ္ဂ မှာ မြန်မာကိုယ်စားလှယ် အလားအလာ’ ကို ဩဂုတ် ၁၁ ရက်မှာ အင်္ဂလိပ်ဘာသာနဲ့ထုတ်ပြန်ခဲ့ ပါတယ်။

အဲဒီစာတမ်းမှာ လာမယ့် စက်တင်ဘာမှာ စတင်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံး ဖြတ်နိုင်ခြေရှိတဲ့ ဆုံးဖြတ်ချက် ၄ ခုကို သုံးသပ်ထားပြီး NUG ရဲ့ ကိုယ်စားလှယ်ကို လက်ခံတာ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို လက်ခံတာ၊ ကိုယ်စားလှယ်လျှောက်ထားမှုနှစ်ခု ကို မဆုံးဖြတ်သေးဘဲ လက်ရှိ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိတာနဲ့ မြန်မာကိုယ် စားလှယ်မထားဘဲ ထိုင်ခုံလွတ်ထားတာ စတဲ့ ဖြစ်နိုင်ခြေ ၄ မျိုးဖြစ်ပါတယ်။
အဲဒီဖြစ်နိုင်ခြေ ၄ ခုထဲကမှ NUG ကို လက်ခံတာနဲ့ ဦးကျော်မိုးထွန်းဆက်ရှိတာ နှစ်ခုက ဖြစ်နိုင်ခြေ များတယ်လို့ ဆိုထားတာပါ။

အကြမ်းဖက်စစ်ကောင်စီရဲ့ကိုယ်စားလှယ်လက်ခံခြင်းက ကုလမှာ အရင်က မရှိခဲ့ဖူးတဲ့ ဆုံးဖြတ်ချက်မျိုးဖြစ်ပြီး ထိုင်ခုံအလွတ်ထားတာကလည်း ကုလသမဂ္ဂပဋိဉာဉ်ကို ဆန့်ကျင်သလိုဖြစ်မှာလို့ SAC-M က သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုနိုင်ခွင့်ရရေးအတွက် ပြည်သူထောက်ခံမှုရှိတဲ့ NUG နဲ့ အကြမ်းဖက်စစ်ကောင်စီတို့က အပြိုင်ကြိုးပမ်းနေပြီး ကုလအထွေထွေညီလာခံက ဒီနှစ် ဒီဇင် ဘာလောက်မှာ ဆုံးဖြတ်ချက် ချမှတ်နိုင်ပါတယ်။

အဖွဲ့ဝင် ၉ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂကိုယ်စားလှယ်စိစစ်ရေးကော်မတီ(Credentials Committee)ဟာ အကြံပြုချက် အစီရင်ခံစာကို အထွေထွေညီလာခံကိုတင်သွင်းမှာဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုမှုကို အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့အထွေထွေညီလာခံက ဆုံးဖြတ်မှာဖြစ်ပါတယ်။ လိုအပ်ရင် အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။

အဲဒီမြန်မာကိုယ်စားလှယ်နေရာဟာ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) အပါအဝင် ကုလသမဂ္ဂရဲ့ ဖိုရမ်အားလုံးမှာ တက်ရောက်ခွင့်ရရေး တနည်းအားဖြင့် ကိုယ်စား လှယ်နေရာကို သက်ရောက်မှုရှိမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။