Connect with us

Hi, what are you looking for?

News

KIAနှင့် PDF ပေါင်းတိုက်၍ မိုးကုတ်သပိတ် ဖြိုးခွင်းသည့် စစ်ကောင်စီတပ်သား​ခြောက်ဦးသေ

ဩဂုတ် ၁၆ရက်က ဟိုဝိတ်ရွာအနီး ပလောင်ကျောင်းခမ်းကျေးရွာအထက်ပိုင်းသို့ထိုးစစ်ဆင်လာသည့် ခလရ (၁၄၈) တပ်ကို မလွှဲမရှောင်သာ ၍ လက်ဦးမှုရယူ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ KIAနှင့် PDF ပူးပေါင်းအဖွဲ့မှ ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

မိုးကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပြည်သူများကို ဖြိုခွင်းခဲ့သည့် ခလရ (၁၄၈)တပ်ကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့်မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ​ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရသူများပြားခဲ့ကြောင်း မိုးကုတ် PDFက သတင်းထုတ် ပြန်သည်။

ဩဂုတ် ၁၆ရက်က ဟိုဝိတ်ရွာအနီး ပလောင်ကျောင်းခမ်းကျေးရွာအထက်ပိုင်းသို့ထိုးစစ်ဆင်လာသည့် ခလရ (၁၄၈) တပ်ကို မလွှဲမရှောင်သာ ၍ လက်ဦးမှုရယူ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ KIAနှင့် PDF ပူးပေါင်းအဖွဲ့မှ ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ် တွန်းလှန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုသည်ဟု မိုးကုန် PDFက ထုတ်ပြန်ခဲသည်။

အဆိုပါ ဒေသ၌ စစ်ကောင်စီတပ်ကို KIAနှင့် PDF ပူးပေါင်းတိုက်ခိုက်သည်ဆိုခြင်းမှာ ဘုံရည်မှန်းချက်တူညီ၍ ဖြစ်ကြောင်း ကချင်ဒေသခံတစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

“ရှမ်းမြောက်ဘက်က ကိုင်တာပေါ့။ တပ်မဟာ(၄) ဧရိယာ။ ဒါကတော့ PDF တွေကလည်း စစ်အာဏာရှင် ကျဆုံးရေးအတွက် လုပ်နေတယ် KIAကလည်း လုပ်နေတယ်ဆိုတော့ သူတို့ကပေါင်းလုပ်ကြတာပေါ့။ သင်တန်းကလည်း KIAဆီမှာပဲ သင်တန်းယူတာကိုး။ အဲဒီအခါကျတော့ဘုံရန်သူကို သတ်မှတ်ပြီးတော့ တိုက်ကြတယ်လို့ မြင်ပါတယ်။ စစ်အစိုးရရဲ့ယန္တရားမလည်ပတ်နိုင်အောင်ပေါ့။” ဟု ၎င်း ကဆိုသည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် ဒေသအချို့တွင်လည်း စစ်ကောင်စီတပ်ကို KIAနှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

Facebook