Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုဗစ်-၁၉အတွက် အကြမ်းဖက်စစ်ကောင်စီကို ကမ္ဘောဒီးယားက ဒေါ်လာနှစ်သိန်းလှူ

မြန်မာပြည်သူတွေဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ ကိုဗစ်-၁၉ တတိယလှိုင်းကို အပြင်းအထန်ခံစားခဲ့ရပြီး သေဆုံးမှုဟာလည်း အာဏာမသိမ်းမီက ပထမလှိုင်း၊ ဒုတိယလှိုင်းတွေထက်အဆမတန်မြင့်တက်ခဲ့ပါတယ်။

ကမ္ဘောဒီးယားအစိုးရဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာနှစ်သိန်းနဲ့ ကျန်းမာရေးဆိုင်ရာအထောက်အပံ့တွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့ ဝန်ကြီးချုပ်ဟွမ်ဆန်က ကြေညာပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ နိုင်ငံတကာရဲ့ထောက်ခံမှုကျဆုံးနေဆဲဖြစ်တဲ့ အကြမ်း ဖက်စစ်ကောင်စီကို အာဆီယံအဖွဲ့ဝင်နိုင်ငံ ကမ္ဘောဒီးယားအစိုးရက ဆက်သွယ်ဆောင် ရွက်တာဖြစ်ပြီး နှစ်နိုင်ငံပြည်သူအချင်းချင်းအကြား ချစ်ခင်ရင်းနှီးမှုနဲ့ စည်းလုံးညီညွတ်မှုအတွက် အခုလိုပေးအပ်လှူဒါန်းတာဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူတွေဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ ကိုဗစ်-၁၉ တတိယလှိုင်းကို အပြင်းအထန်ခံစားခဲ့ရပြီး သေဆုံးမှုဟာလည်း အာဏာမသိမ်းမီက ပထမလှိုင်း၊ ဒုတိယလှိုင်းတွေထက်အဆမတန်မြင့်တက်ခဲ့ပါတယ်။

အဲဒီအကျပ်အတည်းအတွက် အမေရိကန်၊ ဥရောပသမဂ္ဂတို့က လူသားချင်းစာနာမှုအကူအညီ တွေ ပေးအပ်လှူဒါန်းပေမယ့် အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်ခြင်းမရှိဘဲ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတွေကတစ်ဆင့် ဖြန့်ကျက်လုပ် ဆောင်နေတာပါ။

ကမ္ဘောဒီးယားအစိုးရရဲ့ ကူညီမှုနဲ့ပတ်သက်ပြီး Cambodian Institute for Democracy ဥက္ကဌ Pa Chanroeun က ကန့်သတ်ချက်ရှိတဲ့အရင်းအမြစ်တွေကို ကမ္ဘောဒီးယားပြည်တွင်းရှိ လိုအပ် ချက်တွေကို အရင်ဆုံးဖြည့်ဆည်းလုပ်ဆောင်သင့်တယ်လို့ ဝေဖန်ပါတယ်။

ကိုးကား – The Phnom Penh Post

Public Service Announcement

Public Service Announcement