Connect with us

Hi, what are you looking for?

News

ကိုဗစ်-၁၉အတွက် အကြမ်းဖက်စစ်ကောင်စီကို ကမ္ဘောဒီးယားက ဒေါ်လာနှစ်သိန်းလှူ

မြန်မာပြည်သူတွေဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ ကိုဗစ်-၁၉ တတိယလှိုင်းကို အပြင်းအထန်ခံစားခဲ့ရပြီး သေဆုံးမှုဟာလည်း အာဏာမသိမ်းမီက ပထမလှိုင်း၊ ဒုတိယလှိုင်းတွေထက်အဆမတန်မြင့်တက်ခဲ့ပါတယ်။

ကမ္ဘောဒီးယားအစိုးရဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာနှစ်သိန်းနဲ့ ကျန်းမာရေးဆိုင်ရာအထောက်အပံ့တွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့ ဝန်ကြီးချုပ်ဟွမ်ဆန်က ကြေညာပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ နိုင်ငံတကာရဲ့ထောက်ခံမှုကျဆုံးနေဆဲဖြစ်တဲ့ အကြမ်း ဖက်စစ်ကောင်စီကို အာဆီယံအဖွဲ့ဝင်နိုင်ငံ ကမ္ဘောဒီးယားအစိုးရက ဆက်သွယ်ဆောင် ရွက်တာဖြစ်ပြီး နှစ်နိုင်ငံပြည်သူအချင်းချင်းအကြား ချစ်ခင်ရင်းနှီးမှုနဲ့ စည်းလုံးညီညွတ်မှုအတွက် အခုလိုပေးအပ်လှူဒါန်းတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ ကိုဗစ်-၁၉ တတိယလှိုင်းကို အပြင်းအထန်ခံစားခဲ့ရပြီး သေဆုံးမှုဟာလည်း အာဏာမသိမ်းမီက ပထမလှိုင်း၊ ဒုတိယလှိုင်းတွေထက်အဆမတန်မြင့်တက်ခဲ့ပါတယ်။

အဲဒီအကျပ်အတည်းအတွက် အမေရိကန်၊ ဥရောပသမဂ္ဂတို့က လူသားချင်းစာနာမှုအကူအညီ တွေ ပေးအပ်လှူဒါန်းပေမယ့် အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်ခြင်းမရှိဘဲ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတွေကတစ်ဆင့် ဖြန့်ကျက်လုပ် ဆောင်နေတာပါ။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားအစိုးရရဲ့ ကူညီမှုနဲ့ပတ်သက်ပြီး Cambodian Institute for Democracy ဥက္ကဌ Pa Chanroeun က ကန့်သတ်ချက်ရှိတဲ့အရင်းအမြစ်တွေကို ကမ္ဘောဒီးယားပြည်တွင်းရှိ လိုအပ် ချက်တွေကို အရင်ဆုံးဖြည့်ဆည်းလုပ်ဆောင်သင့်တယ်လို့ ဝေဖန်ပါတယ်။

ကိုးကား – The Phnom Penh Post

ဆက်စပ်သတင်းများ

သတင်း

ရွှေထည်ဝယ်ယူရင် ပစ္စည်းတန်ဖိုးရဲ့ ထက်ဝက်နီးပါးကို အလျော့တွက်လက်ခပေးဖို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) က သတ်မှတ်လိုက်ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြန်မာသံရုံးရှေ့နဲ့ တရုတ်သံအမတ်အိမ်ရှေ့တို့မှာ ပြည်ပရောက် မြန်မာတွေစုပေါင်းပြီး ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်နေ့အဖြစ် ဆန္ဒပြဆုတောင်းပွဲကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း ၊ညောင်လေးပင်မြို့နယ်အတွင်းက ရေတွင်းကုန်း ၊ ခရုကုန်းနဲ့ကျောင်းကုန်း ကျေးရွာတွေဆီ မတ်လ ၅ ရက်က စစ်ကောင်စီ တပ် စစ်ကြောင်းဝင်ရောက်စီးနင်းရာမှာ အရပ်သား ၄၀ ကျော် သတ်ဖြတ်ခံရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ် စခန်းအပါအဝင် မြို့နယ်အတွင်းရှိ တပ်စွဲရာနေရာ၄ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။