Connect with us

Hi, what are you looking for?

News

ကုလမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်ခန့်ရေးအွန်လိုင်းလှုပ်ရှားမှု ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေနဲ့ ထင်ရှားကျော်ကြားသူတွေပါဝင်

အဲဒီငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေနဲ့အတူ ကမ္ဘာတစ်လွှားက ထင်ရှားကျော်ကြားသူတွေဖြစ်တဲ့ နိုင်ငံရေး သမားတွေ၊ သံတမန်တွေ၊ လွှတ်တော်အမတ်တွေ၊ အဖွဲ့အစည်းခေါင်းဆောင်တွေလည်း NUG ကို ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး အွန်လိုင်းလက်မှတ်ရေးထိုးလှုပ်ရှားမှုမှာ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် တောင်အာဖရိကသမ္မတဟောင်း ဒီကလပ် ပါဝင်လာခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံတဲ့ အဲဒီအွန်လိုင်းလှုပ်ရှားမှုမှာ ပထမဆုံးပါဝင် တဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်က အရှေ့တီမော သမ္မတဟောင်း ရာမို့စ်ဟော်တာဖြစ်ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေထဲမှာ တောင်အာဖရိကသမ္မတဟောင်း ဒီကလပ်က ဒုတိယမြောက်ပါဝင်လာခဲ့တာပါ။

အဲဒီငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေနဲ့အတူ ကမ္ဘာတစ်လွှားက ထင်ရှားကျော်ကြားသူတွေဖြစ်တဲ့ နိုင်ငံရေး သမားတွေ၊ သံတမန်တွေ၊ လွှတ်တော်အမတ်တွေ၊ အဖွဲ့အစည်းခေါင်းဆောင်တွေလည်း NUG ကို ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

ထင်ရှားကျော်ကြားသူတွေထဲမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း Derek Mitchell၊ ဆွစ်ဇာလန် နိုင်ငံ အမျိုးသား ကောင်စီ အဖွဲ့ဝင်၊ ဆွစ်ဇာလန်-မြန်မာ အသင်း ဥက္ကဌ နဲ့ မြန်မာမိတ်ဆွေများအဖွဲ့ဝင် Ms. Laurence Fehlmann Rielle၊ ချက်နိုင်ငံ အထက် လွှတ်တော် နိုင်ငံ တကာ ဆက်ဆံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကော်မတီဥက္ကဌ အထက်လွှတ်တော် အမတ် မစ္စတာ Pavel Fisher ၊ ပေါ်တူဂီနိုင်ငံရဲ့ ဥရောပ ပါလီမန် အမတ်ဟောင်း မစ္စ Ana Gomes၊ နယ်စည်းမခြား သတင်းသမားများ၏ နိုင်ငံတကာ လှုံဆော်ရေး ဒါရိုက်တာ Antoine Bernard တို့ ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရရှိဖို့အတွက် အွန်လိုင်းလှုပ်ရှားမှုမှာ ပါဝင်သူ နှစ်သိန်းရဖို့ ရည်မှန်းထားပြီး ဒီနေ့မွန်းလွဲပိုင်းမှာ ၁၈၀ ၀၀၀ ကျော် ရရှိထားပါတယ်။

အဲဒီလှုပ်ရှားမှုကို ဩဂုတ် ၂၁ ရက်အထိ ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး ရရှိလာတဲ့ လက်မှတ် တွေကို ကုလသမဂ္ဂဌာနချုပ်၊ နယူးယောက်ရှိ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံကိုယ်စားလှယ်တွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။

လှုပ်ရှားမှုကို ပါဝင်လိုသူတွေအနေနဲ့ http://chng.it/PgsF2kQkxF မှာ အချက်အလက်ဖြည့်သွင်း ပါဝင်နိုင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား...

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။