Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖျာပုံကဒလန်ဟုနာမည်ထွက်သူတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

အပစ်ခံရသူဟာ အောင်ကြီး(ခ)မင်းသားကြီးဆိုသူဖြစ်ပြီး ဖျာပုံမြို့ ကျွန်းတောလမ်းနဲ့ (၉)လမ်းထောင့်နားမှာ ဆိုင်ကယ်စီးလာရင်း အပစ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ - CJ

ဧရာဝတီတိုင်း ဖျာပုံမြို့မှာ သတင်းပေးဒလန်လို့ နာမည်ထွက်သူအမျိုးသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ သတင်းရှိပါတယ်။

အပစ်ခံရသူဟာ အောင်ကြီး(ခ)မင်းသားကြီးဆိုသူဖြစ်ပြီး ဖျာပုံမြို့ ကျွန်းတောလမ်းနဲ့ (၉)လမ်းထောင့်နားမှာ ဆိုင်ကယ်စီးလာရင်း အပစ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

သတင်းပေးဒလန်လို့ နာမည်ကြီးတဲ့ အောင်ကြီးဟာ သေနတ်နဲ့ပစ်ခံရလို့ ရရှိတဲ့ဒဏ်ရာနဲ့ပဲ နေရာတင်ပွဲချင်း ပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေက အတည် ပြုပါတယ်။

သြဂုတ် ၁၈ရက်က ဧရာဝတီတိုင်း ရေကြည်မြို့နယ် အသုတ်မြို့က သတင်းပေးဒလန် ဦးဝင်းနိုင်ဦးဆိုသူလည်း သေနတ်နဲ့ပစ်ခံရလို့ သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ထောင်ဝတ်စုံနှင့် သံခြေချင်းခတ်ထားသည့် အကျဥ်းသား ၁၁ ဦးခန့်အား သေနတ်ကိုင်ထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲများက အချုပ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မေးမြန်းခန်း

-ဘူမိ​​ဗေဒပညာရှင်NUG ဝန်ကြီးဦးစိုးသူရထွန်းနဲ့​မေးမြန်းခန်း ဧရာဝတီတိုင်း၊ ဖျာပုံမြို့အနီးပင်လယ်ပြင်အတွင်းဇွန်လတတိယနှင့် စတုတ္ထပါတ်တွင်အင်းအား ရစ်ခ်ျတာစကေး ၄ ပတ်ဝန်းကျင်အဆင့် ငလျင်များ မကြာခဏ လှုပ်နေသည်။ ဇွန်လ ၁၉ရက်မှ ဇွန်လ ၂၂ရက်အတွင်း ရစ်ခ်ျတာစကေး ၄ဒဿမ ၄ မှရစ်ခ်ျတာစကေး ၄ဒဿမ ၉အဆင့်ကြား ငလျင် လေးကြိမ်လှုပ်ခဲ့ကြောင်း အမေရိကန်...

သတင်း

ဇွန်လ ၁၉ ရက် ၈ နာရီခန့်ကလည်းရစ်ခ်ျတာစကေး ၅ဒဿမ ၄ အဆင့်ငလျင်လှုပ်ခဲ့ပြီး ယမန်နေ့ (ဇွန်လ ၂၁ရက်) နံနက်တွင် ရစ်ခ်ျတာစကေး ၄ဒဿမ ၇ အဆင့်ဖြင့် လှုပ်ခဲ့သည်။လေးကြိမ်စလုံးသည် မြေအနက်တိမ်သည့်နေရာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု USGS ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း

ငလျင်သည် မြေအနက် ၁၀ ကီလိုမီတာခန့်တွင်ဗဟိုပြု၍ ယနေ့(ဇွန်လ ၂၁ရက်) ၉နာရီ ၁၇မိနစ်တွင် လှုပ်ရှားခြင်းဟု ထုတ်ပြန်ထားသည်။