Connect with us

Hi, what are you looking for?

News

ဖျာပုံကဒလန်ဟုနာမည်ထွက်သူတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

အပစ်ခံရသူဟာ အောင်ကြီး(ခ)မင်းသားကြီးဆိုသူဖြစ်ပြီး ဖျာပုံမြို့ ကျွန်းတောလမ်းနဲ့ (၉)လမ်းထောင့်နားမှာ ဆိုင်ကယ်စီးလာရင်း အပစ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ - CJ

ဧရာဝတီတိုင်း ဖျာပုံမြို့မှာ သတင်းပေးဒလန်လို့ နာမည်ထွက်သူအမျိုးသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ သတင်းရှိပါတယ်။

အပစ်ခံရသူဟာ အောင်ကြီး(ခ)မင်းသားကြီးဆိုသူဖြစ်ပြီး ဖျာပုံမြို့ ကျွန်းတောလမ်းနဲ့ (၉)လမ်းထောင့်နားမှာ ဆိုင်ကယ်စီးလာရင်း အပစ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

သတင်းပေးဒလန်လို့ နာမည်ကြီးတဲ့ အောင်ကြီးဟာ သေနတ်နဲ့ပစ်ခံရလို့ ရရှိတဲ့ဒဏ်ရာနဲ့ပဲ နေရာတင်ပွဲချင်း ပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေက အတည် ပြုပါတယ်။

သြဂုတ် ၁၈ရက်က ဧရာဝတီတိုင်း ရေကြည်မြို့နယ် အသုတ်မြို့က သတင်းပေးဒလန် ဦးဝင်းနိုင်ဦးဆိုသူလည်း သေနတ်နဲ့ပစ်ခံရလို့ သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီရဲ့ သတင်းပေးဒလန် နဲ့ ခိုးဆိုးလုနှိုက်သူတွေကို ဖမ်းဆီးဖို့ ကရင်နီပြည်နယ်ထဲက မြို့နယ်သုံးခုမှာ သွားလာချိန်ကန့်သတ်ပြီး စစ်ဆေးမှုတွေလုပ်မယ်လို့ မြို့နယ်အပ်ချုပ်ရေးကော်မတီတွေက ဒီကနေ့ (စက်တင်ဘာ ၂၆ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖျာပုံမြို့နယ် အ​ရှေ့​တောင်ဘက် ၇၂ မိုင်​ကျော်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုပြီး​တော့ ယ​နေ့ည ၁၁ နာရီခွဲ​ကျော်မှာအင်အားအသင့်အတင့်ရှိတဲ့​မြေငလျင်လှုပ်ရှားခဲ့တယ်လို့ အ​မေရီကန် ​မြေငလျင်တိုင်းတာ​ရေးဌာန (USGS)ကထုတ်ပြန်ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် ၂လကျော် ပျောက်ဆုံးနေသော (၂၃)နှစ်အရွယ်အမျိုးသမီး၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင် တရားဥပဒေမစိုးမိုးတော့ကြောင်း မြို့ခံများက ပြောသည်။

အတွေးအမြင်

စစ်အာဏာသိမ်းအပြီးမှာ လူအများစုဟာ ဘုံရန်သူကိုအတူရင်ဆိုင်သွားကြပေမယ့် လူ့အဖွဲ့အစည်းမှာတော့ မတူညီတဲ့အကျိုးစီးပွားတွေရှိနေကြတုန်းပါ။