Connect with us

Hi, what are you looking for?

သတင်း

ဖျာပုံအနီးငလျင် ရန်ကုန်အထိသက်ရောက်

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

စက်တင်ဘာ-၁၊၂၀၂၆။မိထက်/People’s Spring

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

ည၁၁နာရီ ၄မိနစ်ခန့်မှာလှုပ်ရှားသွားတာဖြစ်ပြီးလှိုင်၊ ကမာရွတ်နဲ့ စမ်း‌ ချောင်းမြို့နယ်တွေမှာအထပ်မြင့်အဆောက်အအုံတွေ ငလျင်လှုပ်ရှားမှု ခံစားလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။

အဆိုပါငလျင်ဟာဧရာဝတီတိုင်းဖျာပုံမြို့အနီးမှာ ရစ်ခ်တာစကေး ၃ဒသမ၄အဆင့် ရှိအင်အားအနည်းငယ်သာရှိတဲ့ ​မြေငလျင်ဖြစ်ပြီးမြေ​အောက်အနက် ၁၀ကီလိုမီတာကိုဗဟိုပြုလှုပ်ရှားခဲ့တာလို့ထိုင်းမိုးဇလဌာန(TMD)ကထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်းနှင့်ပဲခူးတိုင်းမှာလှုပ်ရှားတဲ့ငလျင်တွေက ရန်ကုန်မြို့အထိသက်ရောက်စေပါတယ်။ရန်ကုန်မြို့မှာငလျင်အဖြစ်သတင်းမထုတ်တဲ့ မြေကျွံမှုအချို့ကြောင့်လည်း စိုးရိမ်မှု တွေ ရှိနေကြပါတယ်။

သြဂုတ်လ၂၃ရက်နေ့မနက်ကလည်း ပဲခူးမြို့အနီးမှာ လှုပ်ရှားသွားတဲ့ ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကြောင့်ရန်ကုန်မြို့မှာငလျင်လှုပ်ရှားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု ၅.၉ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် တိုကျိုမြို့တော်နဲ့ ပိုမိုကျယ်ဝန်းတဲ့ ကန်တိုဒေသမှာ နေထိုင်သူတွေ အနေနဲ့ လာမယ့် သီတင်းပတ်တွေမှာပါ ပြင်းအားတူ ငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေကို သတိထားကြဖို့ ဂျပန် အစိုးရက သတိပေးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ ငလျင်ကြီးကြောင့် သေဆုံးသူ ဦးရေဟာ ၅၀ ကျော်လွန်လာပြီဖြစ်ပြီး လူပေါင်း ၅၀၀၀ လောက် နေအိမ်တွေကို စွန့်ခွာထားရဆဲ ဖြစ်ပါတယ်။

Facebook