Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ် ဒီပဲယင်းမြို့နယ်မှ ​ကျေးရွာများကို ဆက်လက်ဖျက်ဆီးနေ

ယမန်နေ့ကလည်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကျေးရွာများ၌ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားခဲ့သည်ဟု သိရသည်။

(ဖျက်ဆီးသွားသော အိမ်တစ်အိမ်အတွင်း တွေ့ရစဥ်၊ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စစ်တပ်ကဝင်ရောက်ပစ်ခတ်မှုများ ပြုလုပ်နေ၍ ကျေးရွာများမှ ရွာသူ၊ရွာသားထောင်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သြဂုတ်လ ၂၂ရက်နှင့် ယနေ့ ၂၃ ရက်တွင် ဒီပဲယင်းမြို့နယ်ရှိ တည်တောကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ ဝဲကြီးကျေးရွာ၊ညောင်လှကျေးရွာ၊ထောင်တန်းရွာ၊ အင်ဘုတ်ရွာ၊ ကြည်ရွာ၊ ယဥ်ကျေးရွာစသည့် ရွာများအား စစ်တပ်မှဝင်ရောက်ပစ်ခတ်ပြီး ရှာဖွေခြင်း၊ ရွာသူရွာသားများပိုင်ဆိုင်သည့် ပစ္စည်းများအားယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်ဟု ရွာခံများက ပြောသည်။

ယဥ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ အသက်၁၄နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် မသန်စွမ်းတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံတို့ကပြောသည်။

ယမန်နေ့ကလည်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကျေးရွာများ၌ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းမြို့နယ်တွင် သြဂုတ်၇ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီ၏ ကားငါးစီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာများကို ဝင်ရောက် ပစ်ခတ်နေသဖြင့် ကျေးရွာပေါင်း နှစ်ဆယ်ကျော်က လူသောင်းချီထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်