Connect with us

Hi, what are you looking for?

News

အကြမ်းဖက်မြန်မာစစ်တပ်ကို ဖိအားပေးဖို့ပျက်ကွက်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝေဖန်ခံရ

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမိုနစ်ရက်ဘ်ဟာ အကြမ်း ဖက်မြန်မာစစ်တပ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး ဖိအားပေးလုပ်ဆောင်ဖို့ ပျက်ကွက်နေတယ်လို့ Burma Campaign UK က ဒီနေ့ထုတ်ပြန်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ခြင်း ၄ နှစ်မြောက်နှစ်ပတ်လည်နေ့မှာ Burma Campaign UK က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ စစ်တပ်ခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်ဆိုင်ရာခုံရုံး(ICC)ကို လွှဲပြောင်းရေးအတွက် ကူညီထောက်ခံဖို့ ငြင်းဆိုထားကြောင်းနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ လူမျိုးတုံးသတ်ဖြတ်ခြင်း အမှုကို ပူးပေါင်း ပါဝင်ဖို့ ငြင်းဆိုထားကြောင်း ထည့်သွင်းဖော်ပြပါတယ်။

ဒါပေမဲ့ ဗြိတိန်ရဲ့ အာရှဒေသဆိုင်ရာယူကေနိုင်ငံဝန်ကြီး နိုင်ဂျယ်အဒမ်စ်က “လွန်ခဲ့တဲ့ လေးနှစ်၂၀၁၇ က မြန်မာစစ်တပ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေ၊ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာလူမှုအသိုက်အ၀န်းကို ကျွန်တော်တို့ အမြဲအောက်မေ့အမှတ်ရပါတယ်။ သူတို့ရဲ့ သတ္တိနဲ့ ဇွဲလုံ့လတို့ကို တကယ်ပဲချီးကျူးပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့နဲ့ ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး အခြေအနေတွေဖန်တီးပေးဖို့ ယူကေအစိုးရက ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်အဖြစ်ခန့်အပ်ခံရသူ Pete Vowles ကလည်း “အပြစ်မဲ့ အရပ်သားတွေအပေါ် သူရဲဘောကြောင်စွာ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေဟာ ယနေ့အထိ ဒုက္ခရောက်နေကြရပါတယ်။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အရေးကြီးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ယူကေအစိုးရက ဆက်လက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

FATFသည်စစ်တပ်ကအမေရိကန်၏အဓိကပြိုင်ဘက်နိုင်ငံများထံမှလက်နက်ဝယ်ယူရန် ငွေကြေးလမ်းကြောင်းများကိုတားဆီးနိုင်သည်။