Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးဆန္ဒပြတောင်းဆိုမှုကို ထောက်ခံအားပေးတယ်လို့ အမေရိကန်ထပ်မံပြောကြား

အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးအတွက်ဆန္ဒပြတောင်းဆိုမှုကို ထောက်ခံအားပေးတယ်လို့ ထပ်လောင်း ပြောကြားပါတယ်။

(မန္တလေးမြို့၌ ဘာသာပေါင်းစုံသပိတ်စစ်ကြောင်းမှ လူုယ်များ ယနေ့ချီတက်ဆန္ဒပြနေစဥ်၊ဓါတ်ပုံ - Poison)

ဒုက္ခသည် ခုနှစ်သိန်းကျော်နဲ့ ပြည်တွင်းနေရပ်စွန့်ခွာနေရသူတွေအပါအဝင် မြန်မာပြည်သူလူထုအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၅၀ ကျော်ကို ကူညီထောက်ပံ့ထားတယ်လို့ အမေရိကန်သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

ဖေ‌ဖော်ဝါရီ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ပြည်သူတွေကို အကူအညီပေးသွားမှာဖြစ်ပြီး အကူ အညီပေးမယ့်အထဲမှာ အသက်ကယ်တင် စောင့်ရှောက်ရေး၊ နေရာထိုင်ခင်း၊ မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ်စားနပ်ရိက္ခာတွေအပြင် ရေ၊ မိလ္လာနဲ့ တစ်ကိုယ်ရေကျန်းမာသန့်ရှင်းရေး ဝန်ဆောင်မှုတွေပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာရသူတွေနဲ့ မြန်မာပြည်တွင်းက ပြည်သူတွေအတွက် အကူအညီပေးဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီးလ်က သြဂုတ် ၁၀ ရက်မှာကြေညာခဲ့တာဖြစ်ပြီး အကူအညီတွေကို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အခြားသောကုလသမဂ္ဂနဲ့ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်သွားမှာဖြစ်ပါတယ်။

အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးအတွက်ဆန္ဒပြတောင်းဆိုမှုကို ထောက်ခံအားပေးတယ်လို့ ထပ်လောင်း ပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်နှိပ်ကွပ်မှုအတွက်တာဝန်ရှိတဲ့ စစ်တပ်ခေါင်းဆောင်တွေကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုဟာ စစ်အာဏာရှင်ကို အထိနာစေဖို့ နဲ့ မြန်မာပြည်သူလူထုအပေါ် စီးပွားရေးအရ ထိခိုက်မှုမရှိစေဘဲ အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် ချမှတ်ခဲ့တာဖြစ်တယ်လို့ ShareAmerica မှာ ရေးသားဖော်ပြပါတယ်။

(မန္တလေးမြို့၌ ဘာသာပေါင်းစုံသပိတ်စစ်ကြောင်းမှ လူုယ်များ ယနေ့ချီတက်ဆန္ဒပြနေစဥ်၊ဓါတ်ပုံ – Poison)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။