Connect with us

Hi, what are you looking for?

News

ပဋိပက္ခကြောင့် နေအိမ်ကိုစွန့်ခွာရမည်ဆိုပါက ဆောင်ရွက်သင့်သည့် အချက်များ NUG ထုတ်ပြန်

NUG၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များကို အပိုင်းလိုက်ထုတ်ပြန်လျက်ရှိရာ အပိုင်း(၃)ကို ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

ပဋိပက္ခများ ဖြစ်ပွား၍ နေအိမ်ကို စွန့်ခွာမည်ဆိုပါက လုပ်ဆောင်သင့်သည့် အချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ထုတ်ပြန်သည်။

NUG၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များကို အပိုင်းလိုက်ထုတ်ပြန်လျက်ရှိရာ အပိုင်း(၃)ကို ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

နေအိမ်ကို စွန့်ခွာရမည်ဆိုပါက နေအိမ်မီးခလုတ်များကို ပိတ်ထားရန်၊ မိန်းခလုတ်များချထားရန်နှင့် အချိန်ရပါက ရေတိုင်ကီများ၊ ရေစည်များကို ရေဖြည့်ထားရန်လုပ်ဆောင်သင့်သည်ဟု ဖော်ပြထားသည်။

တန်ဖိုးကြီးပစ္စည်းများရှိပါက နေအိမ်တံခါးသောများ ပိတ်ထားခဲ့ရန်၊ အကြမ်းဖက်စစ်ကောင်စီဘက်က နေအိမ်တံခါးများကို ဖျက်ဆီးထားခဲ့သည့် နမူနာများရှိ၍ အခြားအဖိုးတန်ပစ္စည်းများ မကျန်ပါက တံခါးကိုစေ့ပိတ်ထားရန်၊ နေအိမ်တွင် အခြားအရေးကြီး ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ကျန်ရှိနေပါက စဉ့်အိုး၊ ပလက်စတစ်ပုံးများဖြင့်ထည့်ပြီး မြေတွင်းတူး မြှုပ်နှံထားခဲ့ရန် သို့မဟုတ် လုံခြုံသည့်နေရာ၌ထားခဲ့ရန် အသိပေးချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ရှောင်တိမ်းရမည့်နေရာများကို သွားရောက်သည့်အခါတွင် မိသားစုဝင်အချင်းချင်း အဆက်အသွယ် မပြတ်စေရန်၊ အထူးသဖြင့် ကလေးငယ်များကိုဂရုစိုက် ခေါ်ဆောင်သွားရန်နှင့် မိသားစုပြန်လည်ဆုံးဆည်းနိုင်မည့် စုရပ် အနည်းဆုံး နှစ်ခုသတ်မှတ်ထားရန် အသိပေးချက်၌ ဖော်ပြထားသည်။

မိသားစုဝင်များ၏ အမည်၊ ဖုန်းနံပါတ်များနှင့် သွေး အုပ်စုများကို လက်မောင်း၌ ရေးထားရန်လည်း ပါရှိသည်။

အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ရေးမှတ်ထားရန်၊ အရေးကြီး စာရွက်စာတမ်းများကို စုစည်းယူဆောင်သွားရန်နှင့် ပေါ့ပါးလွတ်လပ်သည့် အဝတ် အစားများကို ရွေးချယ်ဝတ်ဆင်ရန် အကြံပြုထားသည်။

ထို့ပြင် ပြင်ဆင်ထားသည့် တစ်ကိုယ်စာ အရေးပေါ်အိတ်ကို ယူဆောင်ရန် အသိပေးထားပြီး မိသားစုတွင် ကလေး သူငယ် ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုများ ပါဝင်ပါက ၎င်းတို့အတွက်လိုအပ်သည့် အစားအစာ ဆေးဝါးများကို ထည့်သွင်းယူဆောင်ကြရန် အသိပေးချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook