Connect with us

Hi, what are you looking for?

News

လွိုင်ကော်မြို့နယ်တွင် ကရင်နီပူးပေါင်းတပ်နှင့်စစ်ကောင်စီတိုက်ပွဲဆက်ဖြစ်၊ နှက်ဖက်ထိခိုက်မှုရှိ

အဆိုပါ တိုက်ပွဲတွင် ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်မှ ရဲဘော်အချို့ အသေးစားထိခိုက်ဒဏ်ရာရမှုရှိခဲ့သည်ဟု KNDFက ဆိုသည်။

လွိုင်ကော်မြို့နယ် လွိုင်လင်လေးဒေသ၌ ကရင်နီလက် နက်ကိုင်ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ၁နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်မှုများရှိနိုင်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)က သတင်းထုတ်ပြန်သည်။

ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဩဂုတ် ၂၈ရက်နှင့် ၂၉ရက်က တိုက်ပွဲများဖြစ်ပွားခဲ့သည့် လွိုင်လင်လေးဒေသ ဒေါတဟေးကျေးရွာအနီး ၌ ယနေ့ တိုက်ပွဲဆက်လက် ဖြစ်ပွား ခဲ့ရာ စစ်ကောင်စီတပ်မှ သာလွန်အင်အားဖြင့် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထား သည်။

အဆိုပါ တိုက်ပွဲတွင် ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်မှ ရဲဘော်အချို့ အသေးစားထိခိုက်ဒဏ်ရာရမှုရှိခဲ့သည်ဟု KNDFက ဆိုသည်။

လွိုင်ကော်မြို့နှင့် လွိုင်လင်လင်းမြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်းများသည် ဩဂုတ် ၃၀ ရက်ကလည်း တိုက်ပွဲဖြစ်ပွားရာ ဒေါတဟေးကျေးရွာဘက်သို့ အမြောက်များဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးနှင့်၊ တီးလုံကျေးရွာအုပ်စုဘက်သို့ ထိုးစစ်ဆင်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။