Connect with us

Hi, what are you looking for?

News

ချင်းပြည်နယ်မှာ MPT ဖုန်းလိုင်း နာရီနဲ့ချီပြီးပြတ်တောက်

တီးတိန်ဘက်မှာတော့ MPT နဲ့ My Tel ကို အဓိကထားသုံးစွဲကြတာဖြစ်ပြီး MPT လိုင်းကတော့မနက်ပိုင်းကတည်းက ပြတ်သွားခဲ့ပေမယ့် My Tel ကတော့ ဖုန်းလိုင်းရော ၊အင်တာနက်ပါ မပြတ်ဘူးလို့ ဒေသခံက ဆိုပါတယ်။

ချင်းပြည်နယ်က ဒေသအချို့မှာ ဒီနေ့မနက်ပိုင်းက MPT ဖုန်းလိုင်း နာရီနဲ့ချီပြီး ပြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဖလမ်းမှာဆို ဒီနေ့ မနက်ပိုင်း ၁၁ နာရီအထိ ဖုန်းဆက်သွယ်ပြောဆိုလို့မရခဲ့ပါဘူး ။ဒါပေမယ့် ဝိုင်ဖိုင် အင်တာနက်တော့ ပြတ်မသွားဘူးလို့ ဒေသခံဆီကသိရပါတယ်။

တီးတိန်ဘက်မှာတော့ MPT နဲ့ My Tel ကို အဓိကထားသုံးစွဲကြတာဖြစ်ပြီး MPT လိုင်းကတော့မနက်ပိုင်းကတည်းက ပြတ်သွားခဲ့ပေမယ့် My Tel ကတော့ ဖုန်းလိုင်းရော ၊အင်တာနက်ပါ မပြတ်ဘူးလို့ ဒေသခံက ဆိုပါတယ်။

ဒီနေ့ညနေပိုင်းမှာ ဖုန်းလိုင်းတွေပြန်ရလာပြီလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ကချင်ပြည်နယ် ၊ဖားကန့်မှာဆိုရင်လည်းပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်တောက်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက ချင်းပြည်နယ် ၊မင်းတပ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဟာ မင်းတပ်မြို့ကို ဖုန်းလိုင်းဖြတ်တောက်တာတွေ လုပ်ဆောင်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး