Connect with us

Hi, what are you looking for?

LuduNwayOo

News

ချင်းပြည်နယ်မှာ MPT ဖုန်းလိုင်း နာရီနဲ့ချီပြီးပြတ်တောက်

တီးတိန်ဘက်မှာတော့ MPT နဲ့ My Tel ကို အဓိကထားသုံးစွဲကြတာဖြစ်ပြီး MPT လိုင်းကတော့မနက်ပိုင်းကတည်းက ပြတ်သွားခဲ့ပေမယ့် My Tel ကတော့ ဖုန်းလိုင်းရော ၊အင်တာနက်ပါ မပြတ်ဘူးလို့ ဒေသခံက ဆိုပါတယ်။

ချင်းပြည်နယ်က ဒေသအချို့မှာ ဒီနေ့မနက်ပိုင်းက MPT ဖုန်းလိုင်း နာရီနဲ့ချီပြီး ပြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဖလမ်းမှာဆို ဒီနေ့ မနက်ပိုင်း ၁၁ နာရီအထိ ဖုန်းဆက်သွယ်ပြောဆိုလို့မရခဲ့ပါဘူး ။ဒါပေမယ့် ဝိုင်ဖိုင် အင်တာနက်တော့ ပြတ်မသွားဘူးလို့ ဒေသခံဆီကသိရပါတယ်။

တီးတိန်ဘက်မှာတော့ MPT နဲ့ My Tel ကို အဓိကထားသုံးစွဲကြတာဖြစ်ပြီး MPT လိုင်းကတော့မနက်ပိုင်းကတည်းက ပြတ်သွားခဲ့ပေမယ့် My Tel ကတော့ ဖုန်းလိုင်းရော ၊အင်တာနက်ပါ မပြတ်ဘူးလို့ ဒေသခံက ဆိုပါတယ်။

ဒီနေ့ညနေပိုင်းမှာ ဖုန်းလိုင်းတွေပြန်ရလာပြီလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ကချင်ပြည်နယ် ၊ဖားကန့်မှာဆိုရင်လည်းပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်တောက်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက ချင်းပြည်နယ် ၊မင်းတပ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဟာ မင်းတပ်မြို့ကို ဖုန်းလိုင်းဖြတ်တောက်တာတွေ လုပ်ဆောင်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။

သတင်း

ဆလိုင်းထက်နီ၏ပြောကြားချင်ကို CNFက ထုတ်ပြန်ခဲ့ရာ ချင်းပြည်နယ် ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီဟု ပြောသည်။

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။

သတင်း

ပြည်နယ်ရဲတပ်ဖွဲ့ကို ပြည်နယ်ရဲချုပ်မှ ရဲတပ်သားအထိ အဆင့် ၁၃ ဆင့်ပါဝင်ပြီးရာထူးအဆင့် ၁၁ ဖြင့် ဖွဲ့စည်းတည်ဆောက်မည်ဖြစ်သည်။