Connect with us

Hi, what are you looking for?

LuduNwayOo

News

ဟားခါးမြို့တွင် စစ်​ကောင်စီ၏အစိုးရအဖွဲ့ရုံး တိုက်ခိုက်ခံရ၊ စစ်​ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး​သေ

“အစိုးရအဖွဲ့ရုံးကို ပစ်တဲ့အဖွဲ့ကို ကျွန်တော်တို့ တရားဝင် ပေးမသိသေးဘူး။ နောက်နှစ်ရက် သုံးရက်မှ ထုတ်ပြန်လိမ့်မယ်”ဟု ချင်းပြည်နယ်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ချင်းပြည်နယ် ဟားခါးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးအား ယမန်နေ့ညတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးသွားသည်ဟု ဌာနဆိုင်ရာအရာရှိတစ်ဦးနှင့် ဒေသခံများက ပြောသည်။

ဟားခါးမြို့လယ်ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအား စက်တင်ဘာ ၄ရက် ည ၁၁နာရီ ခွဲခန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဟု အမည်မဖော်လိုသည့် ဌာနဆိုင်ရာအရာရှိတစ်ဦးကပြောသည်။

“တစ်ယောက် သေတယ်ကြားတယ်။တပ်ကကောင် ဖြစ်ဖို့များတယ်”ဟု အထက်ပါ အရာရှိက ပြောသည်။

အမည်မသိရှိရသေးသည့် လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ဆယ်မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

“အစိုးရအဖွဲ့ရုံးကို ပစ်တဲ့အဖွဲ့ကို ကျွန်တော်တို့ တရားဝင် ပေးမသိသေးဘူး။ နောက်နှစ်ရက် သုံးရက်မှ ထုတ်ပြန်လိမ့်မယ်”ဟု ချင်းပြည်နယ်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသူတစ်ဦးက ပြောသည်။

လတ်တလောတွင် ဟားခါးမြို့အဝင်အထွက်များတွင် စစ်ဆေးမှုများပြားနေခြင်း၊ ဒေသခံများနှင့် CDF တပ်ဖွဲ့ဝင်များအား အခက်အခဲဖြစ်စေရန် ရိက္ခာဖြတ်တောက်ခြင်းများ လုပ်ဆောင်နေခြင်း တို့ကြောင့်ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက သုံးသပ်သည်။

ဟားခါးမြို့နယ် အပါအဝင် ချင်းပြည်နယ်ရှိ မြို့နယ်အသီးသီး၌ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)ကို ဖွဲ့စည်းကာ စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ မင်းတပ်၊ ဟာခါး၊ မတူပီ၊ ထန်တလန်၊ ကန်ပက်လက် စသည့်ဒေသခံများ၌ CDFနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။