Connect with us

Hi, what are you looking for?

News

ဟားခါးမြို့တွင် စစ်​ကောင်စီ၏အစိုးရအဖွဲ့ရုံး တိုက်ခိုက်ခံရ၊ စစ်​ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး​သေ

“အစိုးရအဖွဲ့ရုံးကို ပစ်တဲ့အဖွဲ့ကို ကျွန်တော်တို့ တရားဝင် ပေးမသိသေးဘူး။ နောက်နှစ်ရက် သုံးရက်မှ ထုတ်ပြန်လိမ့်မယ်”ဟု ချင်းပြည်နယ်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ချင်းပြည်နယ် ဟားခါးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးအား ယမန်နေ့ညတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးသွားသည်ဟု ဌာနဆိုင်ရာအရာရှိတစ်ဦးနှင့် ဒေသခံများက ပြောသည်။

ဟားခါးမြို့လယ်ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအား စက်တင်ဘာ ၄ရက် ည ၁၁နာရီ ခွဲခန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဟု အမည်မဖော်လိုသည့် ဌာနဆိုင်ရာအရာရှိတစ်ဦးကပြောသည်။

“တစ်ယောက် သေတယ်ကြားတယ်။တပ်ကကောင် ဖြစ်ဖို့များတယ်”ဟု အထက်ပါ အရာရှိက ပြောသည်။

အမည်မသိရှိရသေးသည့် လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ဆယ်မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

“အစိုးရအဖွဲ့ရုံးကို ပစ်တဲ့အဖွဲ့ကို ကျွန်တော်တို့ တရားဝင် ပေးမသိသေးဘူး။ နောက်နှစ်ရက် သုံးရက်မှ ထုတ်ပြန်လိမ့်မယ်”ဟု ချင်းပြည်နယ်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသူတစ်ဦးက ပြောသည်။

လတ်တလောတွင် ဟားခါးမြို့အဝင်အထွက်များတွင် စစ်ဆေးမှုများပြားနေခြင်း၊ ဒေသခံများနှင့် CDF တပ်ဖွဲ့ဝင်များအား အခက်အခဲဖြစ်စေရန် ရိက္ခာဖြတ်တောက်ခြင်းများ လုပ်ဆောင်နေခြင်း တို့ကြောင့်ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက သုံးသပ်သည်။

ဟားခါးမြို့နယ် အပါအဝင် ချင်းပြည်နယ်ရှိ မြို့နယ်အသီးသီး၌ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)ကို ဖွဲ့စည်းကာ စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ မင်းတပ်၊ ဟာခါး၊ မတူပီ၊ ထန်တလန်၊ ကန်ပက်လက် စသည့်ဒေသခံများ၌ CDFနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook