Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့လယ်တွင် စစ်​ကောင်စီက YBS ကားပေါ်ထိ ရှာဖွေစစ်ဆေးနေ

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ မော်တင်-ဝါးတန်းလမ်းတွင် စစ်​ကောင်စီတပ်သားများက YBS ဘက်စ်ကားပေါ်များအထိ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အဆိုပါဖြစ်ရပ်ကြုံခဲ့ရသူတစ်ဦးက ပြောသည်။

(YBS (၂၁) ကားတစ်စီးကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - Cj)

“မော်တင်ဘက်မှာ လမ်းပိတ်ထားပြီး ကားတွေကို စစ်နေတာပါ။ အရင်ဆို Taxi နဲ့ အိမ်စီးကားတွေကိုသာ စစ်ပေမယ့် အခုတော့ ကျွန်တော်တို့ စီးလာတဲ့ YBS (၂၁) ဘတ်စ်ကားပေါ်အထိ တက်လာပြီး အိတ်များပါ ဖွင့်ခိုင်းပြီး ရှာဖွေနေပါတယ်။ ဘာသတင်းကြားလို့လဲတော့ မသိပါဘူး” ဟု၎င်းက ​ပြောသည်။

ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ၊ ဗိုလ်ချုပ်လမ်း၊ ကမ်းနားလမ်းတို့တွင် စစ်ကောင်စီတပ်များ ကားများကို စစ်ဆေးမှုများ လုပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။