Connect with us

Hi, what are you looking for?

News

လက်နက်အပြည့်အစုံဖြင့် CDM ဝင်လျှင် ကျပ်သိန်း၆၀ ချီးမြှင့်မည်၊ အချိန်မ​နှောင်းခင်ပြည်သူနှင့်ပူး​ပေါင်းကျရန် CDF ထန်တလန်တိုက်တွန်း

အချိန်မနှောင်းခင်တွင် ပြည်သူများနှင့် အတူပူးပေါင်းပြီး အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင်ပါဝင်ကြဖို့ လေးလေးနက်နက်တိုက်တွန်း လိုပါသည်”ဟု CDF-Thantlangက မေတ္တာရပ်ခံထားသည်။

လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းကာ စစ်ကောင်စီအား CDFနဲ့အတူတိုက်ထုတ်လိုသူနှင့် CDMဝင်ရောက်လာသူ တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များအား ဆုငွေ ကျပ်သိန်း၆၀ ပေးအပ်မည်ဖြစ်ပြီး ကိုယ်လက်ဗလာပူးပေါင်းလာပါက ခိုလှုံခွင့်နှင့် လုံခြုံသည့်နေရာ ရောက်ရှိသည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း CDF-Thantlangက ယ​နေ့ (စက်တင်ဘာ ၆) သတင်းထုတ်ပြန်သည်။

“အချိန်မနှောင်းခင်တွင် ပြည်သူများနှင့် အတူပူးပေါင်းပြီး အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင်ပါဝင်ကြဖို့ လေးလေးနက်နက်တိုက်တွန်း လိုပါသည်”ဟု CDF-Thantlangက မေတ္တာရပ်ခံထားသည်။

တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီ၏ ပြည်သူများအပေါ် မတရားဖိနှိပ် ချုပ်ခြယ်သတ်ဖြတ်ရာတွင် လက်ပါးစေ အသုံးချခံဘဝအဖြစ်မှ ပြည်သူ့ဘက်တော်သားများအဖြစ်နှင့် အများပြည်သူအားကိုးထိုက်သောသူ အဖြစ်သို့ ကူးပြောင်းလိုသူ မည်သူမဆို CDF-Thantlangအနေဖြင့်လက်လှမ်းကြိုဆိုမည်ဖြစ်ကြောင်း အသိပေးထားသည်။

CDM ပြုလုပ်​သောတပ်မ​တော်သား နှစ်​ထောင်ဝန်းကျင်ရှိ​နေပြီဖြစ်သည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်​ကောင်စီမှ စွန့်ခွာ၍ CDM ပြုလုပ်ကာ ပြုသူ့ရင်ခွင်ခုံလှုံသူများလာ​ကြောင်း CDM တပ်မ​တော်သားများကိုကူညီ​နေ​သော ပြည်သူ့ရင်ခွင်အဖွဲ့ မှသိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။