Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒဂုံတက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌဟောင်းကိုမင်းသုခ ထောင် ၁၀နှစ်ချခံရ

ကိုမင်းသုခသည် ဖမ်းဆီးထိန်းသိမ်းခံရပြီး သုံးလအကြာ ယမန်နေ့ စက်တင်ဘာ ၅ရက်တွင် အမိန့်ချခံရခြင်းဖြစ်ကြောင်း ကျောင်းသားသမဂ္ဂထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုမင်းသုခကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း ဒဂုံတက္ကသိုကျောင်းသားများသမဂ္ဂက ယနေ့သတင်းထုတ်ပြန်သည်။

ဇွန်လ ၅ ရက်တွင် ကိုမင်းသုခအား အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ၎င်းအား ဖောက်ခွဲရေးလုပ်ငန်းများလုပ်ဆောင်သူအဖြစ်စွပ်စွဲကာ မြောက်ဥက္ကလာပတရားရုံး၌ ပြစ်ဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။

ကိုမင်းသုခသည် ဖမ်းဆီးထိန်းသိမ်းခံရပြီး သုံးလအကြာ ယမန်နေ့ စက်တင်ဘာ ၅ရက်တွင် အမိန့်ချခံရခြင်းဖြစ်ကြောင်း ကျောင်းသားသမဂ္ဂထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းခံရသည့်အပြင် ထောင်ဒဏ်ချမှတ်ခံရသည့် ကိုမင်းသုခသည် ဒဂုံတက္ကသိုလ် သချာအထူးပြု တတိယနှစ်ကျောင်းသားဖြစ်ပြီး ၂၀၁၄ မှ ၂၀၁၆ အထိ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။