Connect with us

Hi, what are you looking for?

News

ဒဂုံတက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌဟောင်းကိုမင်းသုခ ထောင် ၁၀နှစ်ချခံရ

ကိုမင်းသုခသည် ဖမ်းဆီးထိန်းသိမ်းခံရပြီး သုံးလအကြာ ယမန်နေ့ စက်တင်ဘာ ၅ရက်တွင် အမိန့်ချခံရခြင်းဖြစ်ကြောင်း ကျောင်းသားသမဂ္ဂထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုမင်းသုခကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း ဒဂုံတက္ကသိုကျောင်းသားများသမဂ္ဂက ယနေ့သတင်းထုတ်ပြန်သည်။

ဇွန်လ ၅ ရက်တွင် ကိုမင်းသုခအား အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ၎င်းအား ဖောက်ခွဲရေးလုပ်ငန်းများလုပ်ဆောင်သူအဖြစ်စွပ်စွဲကာ မြောက်ဥက္ကလာပတရားရုံး၌ ပြစ်ဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။

ကိုမင်းသုခသည် ဖမ်းဆီးထိန်းသိမ်းခံရပြီး သုံးလအကြာ ယမန်နေ့ စက်တင်ဘာ ၅ရက်တွင် အမိန့်ချခံရခြင်းဖြစ်ကြောင်း ကျောင်းသားသမဂ္ဂထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းခံရသည့်အပြင် ထောင်ဒဏ်ချမှတ်ခံရသည့် ကိုမင်းသုခသည် ဒဂုံတက္ကသိုလ် သချာအထူးပြု တတိယနှစ်ကျောင်းသားဖြစ်ပြီး ၂၀၁၄ မှ ၂၀၁၆ အထိ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။