Connect with us

Hi, what are you looking for?

News

သြဂုတ်လအတွင်း စစ်ကောင်စီတပ် ၅၈၀ ဦး​သေဆုံး

ဖြစ်စဉ်များဖြစ်ပွားခဲ့သည့် ဒေသများမှာ ရန်ကုန် မန္တလေး မကွေး စစ်ကိုင်း ဧရာဝတီ ပဲခူးစသည့် တိုင်းဒေသကြီးများနှင့် ကရင်၊ကချင် ၊ကယား၊ မွန် ၊ရခိုင် ၊ချင်းနှင့် ရှမ်း စသည့် ပြည်နယ်များ ပါဝင်သည်။

ပြီးခဲ့သည့် သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ နိုင်ငံတစ်ဝှမ်း တိုက်ပွဲနှင့် ပဋိပက္ခ ၄၄၃ ခုဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၅၈၀ ဦးသေဆုံးကာ ၁၈၉ ဦး ထိခိုက်ဒဏ် ရာရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်များအတွင်း သေဆုံးပြည်သူ ၇၃ ဦးနှင့် ထိခိက်ဒဏ်ရာရရှိသူ ၄၅ ဦးရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

(သြဂုတ်လကုန်ပိုင်းက ကိုးကန့်တွင် ဖြစ်ပွားသည့်တိုက်ပွဲအတွင်း ကျဆုံးခဲ့​သော စစ်​ကောင်စီတပ်သားများ၏ ပစ္စည်းများကို ​တွေ့ရစဥ်)

တိုက်ပွဲနှင့် ပဋိပက္ခ ၄၄၃ ခုတွင် အရပ်သားများအပေါ် အကြမ်းဖက်မှုဖြစ်စဉ် ၁၂၉ ခု ပေါက်ကွဲမှု ၉၄ ခု လက်နက်ကိုင်တိုက်ပွဲ ၈၁ ခု လုပ်ကြံခံရမှု ၇၄ ခု လက်နက်ကိုင်ခုခံမှု ၅၇ ခုနှင့် စစ်ကောင်စီအချင်းချင်းပစ်ခတ်မှု ၈ ခု အသီးသီးပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ငံတတစ်ဝှမ်းဖြစ်ပွားသည့် တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်များအနက် စစ်ကိုင်းတိုင်းတွင် ဖြစ်စဉ် ၁၀၆ ခုဖြင့် အများဆုံးဖြစ်ကာ ရန်ကုန်တိုင်းမှာ ဖြစ်စဉ် ၆၄ ခုဖြင့် ဒုတိယအများဆုံးဖြစ်ပြီး ကချင်ပြည်နယ်မှာ ဖြစ်စဉ် ၄၀ ဖြင့် တတိယ မန္တလေး၊ မကွေးနှင့် ကရင်ပြည်နယ်တို့မှာ ဖြစ်စဉ် ၃၆ ခုစီဖြင့် စတုတ္ထနေရာတွင် ရှိနေသည်။

Public Service Announcement

Public Service Announcement

(သြဂုတ်လကုန်ပိုင်းက ကိုးကန့်တွင် ဖြစ်ပွားသည့်တိုက်ပွဲအတွင်း ကျဆုံးခဲ့​သော စစ်​ကောင်စီတပ်သားများ၏ ပစ္စည်းများကို ​တွေ့ရစဥ်)

ဖြစ်စဉ်များဖြစ်ပွားခဲ့သည့် ဒေသများမှာ ရန်ကုန် မန္တလေး မကွေး စစ်ကိုင်း ဧရာဝတီ ပဲခူးစသည့် တိုင်းဒေသကြီးများနှင့် ကရင်၊ကချင် ၊ကယား၊ မွန် ၊ရခိုင် ၊ချင်းနှင့် ရှမ်း စသည့် ပြည်နယ်များ ပါဝင်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် ဖက်ဒရယ်တပ်မတော်ရေးရာဦးစီးဌာန သင်တန်းနှင့် သုတေသနဌာနခွဲသည် အထက်ပါ တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်ဆိုင် ရာ အချက်အလက်များကို ပြည်တွင်းသတင်းမီဒီယာ ၃၀ မှ ဖော်ပြသည့် အချက်အလက်များအား ရယူထားခြင်းဖြစ်ပြီး မြေပြင်အချက်အလက်များမှာ ယခုထက်ပိုများနိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook