Connect with us

Hi, what are you looking for?

LuduNwayOo

News

သြဂုတ်လအတွင်း စစ်ကောင်စီတပ် ၅၈၀ ဦး​သေဆုံး

ဖြစ်စဉ်များဖြစ်ပွားခဲ့သည့် ဒေသများမှာ ရန်ကုန် မန္တလေး မကွေး စစ်ကိုင်း ဧရာဝတီ ပဲခူးစသည့် တိုင်းဒေသကြီးများနှင့် ကရင်၊ကချင် ၊ကယား၊ မွန် ၊ရခိုင် ၊ချင်းနှင့် ရှမ်း စသည့် ပြည်နယ်များ ပါဝင်သည်။

ပြီးခဲ့သည့် သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ နိုင်ငံတစ်ဝှမ်း တိုက်ပွဲနှင့် ပဋိပက္ခ ၄၄၃ ခုဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၅၈၀ ဦးသေဆုံးကာ ၁၈၉ ဦး ထိခိုက်ဒဏ် ရာရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်များအတွင်း သေဆုံးပြည်သူ ၇၃ ဦးနှင့် ထိခိက်ဒဏ်ရာရရှိသူ ၄၅ ဦးရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

(သြဂုတ်လကုန်ပိုင်းက ကိုးကန့်တွင် ဖြစ်ပွားသည့်တိုက်ပွဲအတွင်း ကျဆုံးခဲ့​သော စစ်​ကောင်စီတပ်သားများ၏ ပစ္စည်းများကို ​တွေ့ရစဥ်)

တိုက်ပွဲနှင့် ပဋိပက္ခ ၄၄၃ ခုတွင် အရပ်သားများအပေါ် အကြမ်းဖက်မှုဖြစ်စဉ် ၁၂၉ ခု ပေါက်ကွဲမှု ၉၄ ခု လက်နက်ကိုင်တိုက်ပွဲ ၈၁ ခု လုပ်ကြံခံရမှု ၇၄ ခု လက်နက်ကိုင်ခုခံမှု ၅၇ ခုနှင့် စစ်ကောင်စီအချင်းချင်းပစ်ခတ်မှု ၈ ခု အသီးသီးပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ငံတတစ်ဝှမ်းဖြစ်ပွားသည့် တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်များအနက် စစ်ကိုင်းတိုင်းတွင် ဖြစ်စဉ် ၁၀၆ ခုဖြင့် အများဆုံးဖြစ်ကာ ရန်ကုန်တိုင်းမှာ ဖြစ်စဉ် ၆၄ ခုဖြင့် ဒုတိယအများဆုံးဖြစ်ပြီး ကချင်ပြည်နယ်မှာ ဖြစ်စဉ် ၄၀ ဖြင့် တတိယ မန္တလေး၊ မကွေးနှင့် ကရင်ပြည်နယ်တို့မှာ ဖြစ်စဉ် ၃၆ ခုစီဖြင့် စတုတ္ထနေရာတွင် ရှိနေသည်။

Public Service Announcement

Public Service Announcement

(သြဂုတ်လကုန်ပိုင်းက ကိုးကန့်တွင် ဖြစ်ပွားသည့်တိုက်ပွဲအတွင်း ကျဆုံးခဲ့​သော စစ်​ကောင်စီတပ်သားများ၏ ပစ္စည်းများကို ​တွေ့ရစဥ်)

ဖြစ်စဉ်များဖြစ်ပွားခဲ့သည့် ဒေသများမှာ ရန်ကုန် မန္တလေး မကွေး စစ်ကိုင်း ဧရာဝတီ ပဲခူးစသည့် တိုင်းဒေသကြီးများနှင့် ကရင်၊ကချင် ၊ကယား၊ မွန် ၊ရခိုင် ၊ချင်းနှင့် ရှမ်း စသည့် ပြည်နယ်များ ပါဝင်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် ဖက်ဒရယ်တပ်မတော်ရေးရာဦးစီးဌာန သင်တန်းနှင့် သုတေသနဌာနခွဲသည် အထက်ပါ တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်ဆိုင် ရာ အချက်အလက်များကို ပြည်တွင်းသတင်းမီဒီယာ ၃၀ မှ ဖော်ပြသည့် အချက်အလက်များအား ရယူထားခြင်းဖြစ်ပြီး မြေပြင်အချက်အလက်များမှာ ယခုထက်ပိုများနိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။