Connect with us

Hi, what are you looking for?

News

ပဋိပက္ခဖြစ်လာပါကအသုံးပြုရန် အရေးပေါ်အိတ်အတွက် ကြိုတင်ပြင်ဆင်စုဆောင်းထားရမည့်အရာများ

အရေးပေါ် အိတ်အတွက် ကြိုတင်စုဆောင်းပြင်ဆင်ထားသင့်သည့် ပစ္စည်းများစာရင်းမှာ သောက်သုံးရေ၊ မုန့်ခြောက်၊ ခေါက်ဆွဲခြောက်၊ အရေးပေါ်ဆေးဝါးတွေ၊ လက်သန့်ဆေး၊ နှာခေါင်းစည်း၊ နားတွင်း ပိတ်ဆို့စရာ ၊ ဂွမ်းစ ၊ပတ်တီးလိပ်၊ ခြင်နှင့် ပိုးမွှားအန္တရာယ် ကာကွယ်နိုင်မည့် လူးဆေးနှင့် ဖြန်းဆေးများ စုဆောင်းပြင်ဆင်ထားသင့်ကြောင်း ဖော်ပြထားသည်။

ပဋိပက္ခများဖြစ်ပါလာပါက အသုံးပြုရန် တစ်ကိုယ်စာအရေးပေါ် အိတ် အတွက် ကြိုတင်စုဆောင်းပြင်ဆင်ထားသင့်သည့်ပစ္စည်းများစာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ဝန်ကြီးဌာနအနေဖြင့် ပဋိပက္ခများအတွင်း ပြည်သူများ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်များကို အပိုင်းလိုက် ထုတ်ပြန်လျက်ရှိရာ အပိုင်း (၅)ကို ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

အရေးပေါ် အိတ်အတွက် ကြိုတင်စုဆောင်းပြင်ဆင်ထားသင့်သည့် ပစ္စည်းများစာရင်းမှာ သောက်သုံးရေ၊ မုန့်ခြောက်၊ ခေါက်ဆွဲခြောက်၊ အရေးပေါ်ဆေးဝါးတွေ၊ လက်သန့်ဆေး၊ နှာခေါင်းစည်း၊ နားတွင်း ပိတ်ဆို့စရာ ၊ ဂွမ်းစ ၊ပတ်တီးလိပ်၊ ခြင်နှင့် ပိုးမွှားအန္တရာယ် ကာကွယ်နိုင်မည့် လူးဆေးနှင့် ဖြန်းဆေးများ စုဆောင်းပြင်ဆင်ထားသင့်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဓာတ်ခဲ သို့မဟုတ် နေရောင်ခြည်ဖြင့်သုံးနိုင်သည့် ဓာတ်မီး၊ ထီး၊ မိုးကာ၊ စာကြည့်မီး၊ ဖုန်းအားသွင်းကြိုး၊ Power Bank ၊ ဖုန်းငွေဖြည့်ကဒ်၊ အတွင်းခံအပါအဝင် လွတ်လပ်ပေါ့ပါးသည့် အဝတ်အစားအချို့၊ အမျိုးသမီးဖြစ်ပါက လစဉ်သုံးပစ္စည်းတို့ကိုလည်း စုဆောင်းပြင်ဆင်ထားသင့်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စာချုပ်စာတမ်းနှင့် လုပ်ငန်းလိုင်စင်ကဲ့သိုသောအရေး ကြီးစာရွက်စာတမ်းများ၊ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ အိမ်ထောင်စုစာရင်း၊ ငွေကြေး၊ ဘဏ်စာအုပ်နှင့် တန်ဖိုးကြီးပစ္စည်းများ၊ တစ်သျှူးအစိုနှင့် အခြောက်၊ ဖယောင်းတိုင်၊ မီးခြစ်၊ ဓား၊ ကတ်ကြေး၊ ရေဒီယိုနှင့် ခရာတို့ကိုလည်း စုဆောင်းပြင်ဆင်ထားသင့်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခင်က ထုတ်ပြန်ခဲ့သည့် အသိပေးချက်များမှာ ပဋိပက္ခကြိုများအတွင်းဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်အပိုင်း(၁)၊ အပိုင်း(၂)လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရနိုင်သည့် ဒေသများရှိ အရပ်သားပြည်သူများ အတွက်သတိပြုရန် အချက်များ၊ အပိုင်း(၃) နေအိမ်ကို စွန့်ခွာရမည်ဆိုပါက ဆောင်ရွက်သင့်သည့် အချက်များ၊ အပိုင်း(၄) လက်နက်ကြီးဖြင့် ပစ်ခတ်ခံရနိုင်သည့် ဒေသများက အရပ်သားပြည်သူများအတွက် သတိပြုရမည့် အချက်များဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

သတင်း

စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက စတင်လာတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ တစ် သိန်းကျော်လွန်သွားပြီလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းဖို့ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂ အင်အားစုတွေက ဒီကနေ့ ဇွန် ၂၇ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်းက စစ်ရေး အခြေအနေတွေနဲ့ နောက်ဆက်တွဲ သက်ရောက်နိုင်ခြေတွေကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။