Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေအတွင်းလူတစ်သိန်းကျော် သေဆုံးခဲ့တယ်လို့ ACLED ​ဖော်ပြ

စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက စတင်လာတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ တစ် သိန်းကျော်လွန်သွားပြီလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

(၂၀၂၆ ၊ဇွန်လအတွင်း စစ်ကိုင်းတိုင်း ၊​ချောင်းဦးမြို့နယ် ၊ဆင်​မြေရွာအနီး တိုက်ပွဲမှာ စစ်တပ်စစ်​ကြောင်း​တွေကို PDF နဲ့ ပကဖ​တွေကတိုက်ခိုက်မှု​ကြောင့်​သေဆုံး​နေတဲ့စစ်သားနဲ့ပျူ​စောထီးရုပ်အ​လောင်း​တွေ။ ဓါတ်ပုံ-PDF စစ်ရုံးချုပ် )

ဇူလိုင်-၂၊၂၀၂၆။People’s Spring

စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက စတင်လာတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ တစ် သိန်းကျော်လွန်သွားပြီလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်လ ၁ ရက်နေ့မှာ လက်နက်ကိုင် ပဋိပက္ခများ နေရာနဲ့ ဖြစ်စဉ်များ အချက်အလက် (ACLED) အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း အရှိန်မြင့်လာတဲ့ ပြည်တွင်းစစ်ကြောင့် သေဆုံးသူ​ပေါင်း ၁၀၀,၁၁၄ ဦးထိရှိလာကြောင်း​ဖော်ပြပါတယ်။

အဲဒီသေဆုံးမှုဟာ အာဏာသိမ်း စစ်တပ်၊ တော်လှန်ရေး အင်အားစုတွေ၊ ပြည်သူတွေ အားလုံးပေါင်း ကိန်းဂဏန်း ဖြစ်တယ်လို့ ACLEDက ဆိုပါတယ်။ ဘယ်အစုအဖွဲ့ဖက်က ဘယ်လောက်များများ သေကြေသလဲ ဆိုတဲ့အ​သေးစိပ်အချက်အလက်​တွေကိုတော့ တိတိကျကျ ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒီအ​ရေအတွက်​တွေဟာ ​သေဆုံးသူတင်ပဲဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှု​ကြောင့်​ပေါ်​ပေါက်လာတဲ့ တိုက်ပွဲ​တွေ ၊ပဋိပက္ခမျိုးစုံ​ကြောင့် ထိခိုက်ဒဏ်ရာရသူ ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူ အ​ရေအတွက်​တွေ မပါ​သေးပါဘူး ။ဒဏ်ရာရသူ ၊ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူအ​ရေအတွက်ကလည်း အလွန်များပြားမှာဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ​ရွေး​ကောက်ခံအရပ်သား ဒီမိုကရေစီအစိုးရကို စစ်တပ်က ၂၀၂၁ ​ဖေ​ဖော်ဝါရီလမှာအင်အားသုံး ဖယ်ရှားလိုက်တဲ့နောက်ဆယ်စုနှစ်တစ်ခုကြာမြင့်ခဲ့တဲ့မြန်မာ့ဒီမိုကရေစီအစမ်းသပ်ခံကာလကခပ်မြန်မြန်အဆုံးသတ်သွားခဲ့ကြောင်း ACLED ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

စစ်ရေးပဋိပက္ခတွေကြောင့် သေဆုံးမှုတွေဟာ ကျေးလက်ဒေသတွေမှာ ပိုမို အဖြစ်များခဲ့ပြီးရန်ကုန်လို မြို့ကြီးပြကြီးမှာတောင် လုပ်ကြံသတ်ဖြတ်မှုတွေ ပေါ်ပေါက်ခဲ့တယ်လို့ ACLEDက ဆိုပါတယ်။

မြန်မာဟာ ပြီးခဲ့တဲ့နှစ်မှာတော့ စစ်ရေးပဋိပက္ခဒဏ် အဆိုးဆုံးခံရတဲ့ နေရာတွေစာရင်းမှာ ပါလက်စတိုင်းပြီးရင် ကမ္ဘာမှာ နံပါတ် ၂ ချိတ်ခဲ့ကြောင်း ACLEDက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေကြောင့် လူပေါင်း ၃.၇ သန်းကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသလို လူဦးရေ ၅ ပုံ ၁ ပုံလောက်ထိ ဆိုးရွားတဲ့ အငတ်ဘေးနဲ့ အလွန်အကျွံ ဆင်းရဲကျပ်တည်းမှုတွေ ကြုံနေရတယ်လို့လည်း သတိပေးထားပါတယ်။

စစ်တပ် အာဏာသိမ်းမှု နောက်ဆက်တွဲ အကျပ်အတည်းတွေက တစ်နိုင်ငံလုံးမှာ သွေးမြေကျ ပဋိပက္ခတွေကို ပိုမို ဆိုးရွားလာစေခဲ့တဲ့အပြင် နယ်စပ်ဒေသတွေက တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ ဧရိယာတွေမှာလည်းအွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေကို ပိုမို ပျံ့နှံ့ ထူပြောလာစေကြောင်း ACLEDရဲ့အစီရင်ခံစာမှာထည့်သွင်းဖော်ပြထားပါတယ်။

ကိုးကား- AFP

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းဖို့ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂ အင်အားစုတွေက ဒီကနေ့ ဇွန် ၂၇ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။

ဆောင်းပါး

လူထုဒေါ်အမာရဲ့ ၁၂ပွဲဈေးသည်ဆိုတဲ့ စာအုပ်ဟာ စာဖတ်သူ တွေအကြား နာမည်ကြီးလှပါတယ်။