Connect with us

Hi, what are you looking for?

News

ပြည်သူလူထုအနေနဲ့ စစ်ရေးသတိရှိကြဖို့ KIO ပြောရေးဆိုခွင့်ရှိသူ အသိပေး

ဒီနေ့မနက်ပိုင်းက NUG ဟာ စစ်ကောင်စီကို ပြည်သူတွေအနေနဲ့ နိုင်ငံတဝှမ်း လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တော်လှန်ကြဖို့ ကြေညာထားတာပါ။

NUG အစိုးရက ဒီနေ့က စတင်ပြီး အရေးပေါ်အခြေအနေ ကြေညာထားလို့ ပြည်သူလူထုအနေနဲ့ စစ်ရေးသတိဝိရီယနဲ့ နေကြဖို့ KIO ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောလိုက်ပါတယ်။

ကချင်ပြည်နယ်အခြေစိုက် The 74 Media ကို ဗိုလ်မှူးကြီးနော်ဘူက ဖြေကြားထားတာဖြစ်ပြီး KIO ဗဟိုကော်မတီအနေနဲ့တော့ NUG ရဲ့ကြေညာချက်နဲ့ပတ်သက်ပြီး သဘောထားထုတ်ပြန်တာမရှိသေးဘူးလို့ ဆိုထားတာတွေ့ရပါတယ်။

ဒါပေမယ့် ပြည်သူလူထု အနေနဲ့ စစ်ရေးသတိဝိရီယနဲ့နေဖို့ပြောလိုပြီး နေရာတကာမှာ တိုက်ပွဲတွေ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ က The 74 Media ဖြေထားပါတယ်။

ဒီနေ့မနက်ပိုင်းက NUG ဟာ စစ်ကောင်စီကို ပြည်သူတွေအနေနဲ့ နိုင်ငံတဝှမ်း လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တော်လှန်ကြဖို့ ကြေညာထားတာပါ။

Public Service Announcement

Public Service Announcement

အဲဒီလိုကြေညာအပြီးမှာပဲ KIO ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း သူရဲ့ လူမှုကွန်ရက်မှာ သမ္မာကျမ်းစာပါ အောက်ပါအတိုင်း အဓိပ္ပာယ်ရတဲ့ စာပိုဒ်တစ်ပိုဒ်ကို ကောက်နုတ်ပြီး ရေးတင်ထားခဲ့တာရှိပါတယ်။

“ယောရှုကလည်း၊ သင်တို့သည် ကိုယ်ကိုယ်ကိုယ် သန့်ရှင်းစေကြလော့။ အကြောင်းမူကား၊ နက်ဖြန်နေ့၌ ထာဝရဘုရားသည် အံ့ဘွယ်သော အမှုတို့ကို သင်တို့တွင် ပြုတော်မူမည်ဟု လူများတို့အား မှာထားလေ၏။”

အဲဒီနောက် ဒီနေ့မနက်ပိုင်းမှာတော့ စစ်ကိုင်းတိုင်း ၊ဟုမ္မလင်း မှာ KIA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။