စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းရွှေဈေးဟာ အမြင့် ဘက်မှာရှိနေပြီး ဒီနေ့မှာ တော့ စံချိန်တင်ကာ အခေါက်ရွှေတကျပ်သားကို ကျပ် ၁၈ သိန်းအထိ ရှိခဲ့ပါတယ်။
ဒါဟာ ပြည်တွင်းရွှေဈေးနှုန်းသမိုင်းတလျောက်အမြင့်ဆုံး ဈေးနှုန်းလည်းဖြစ်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ထဲကရွှေဆိုင်တွေ မွန်းလွဲပိုင်းထဲကပိတ်သွားပြီး အခြေအနေအရပ်ရပ်ကြောင့်စောပိတ်တာဖြစ်တယ်လို့ ရွှေဆိုင်မန်နေဂျာတစ်ဦးက ပြောပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ရွှေဈေးမြင့်တက်နေသလို တပြိုင်တည်းမှာပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း တက်နေတာပါ။

Public Service Announcement
ဒီနေ့မနက်အစောပိုင်းမှာ NUG အစိုးရဟာ စစ်ကောင်စီကို ပြည်သူလူထုရဲ့ ခုခံတော်လှန်သောစစ် စတင်ပြီလို့ကြေညာခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ ရွှေဈေးရော ၊ဒေါ်လာဈေးပါ အရင်ကထက် တက်လာတာကိုတွေ့ရပါတယ်။


















































