Connect with us

Hi, what are you looking for?

News

ဘားအံက စစ်​ကောင်စီသတင်း​ပေးတစ်ဦး ပစ်သတ်ခံရ

တကောင်ငကျွဲဟာ စစ်ကောင်စီအားပေးထောက်ခံသူဖြစ်ပြီး သတင်းပေးဒလံတစ်ဦးဖြစ်သလို ဆန္ဒပြပွဲကာလက လူငယ်တွေရဲ့ သပိတ်စခန်းဖြိုခွင်း ဖမ်းဆီးခံရတဲ့ကိစ္စတွေမှာလည်း သူ့ကြောင့်ပါဝင်တယ်လို့ မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။

ဘားအံမြို့မှာ စစ်ကောင်စီရဲ့ သတင်းပေးတစ်ဦးဖြစ်သူ တကောင်ငကျွဲဟာ ဒီကနေ့ညနေပိုင်းက သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီကို အားပေးထောက်ခံပြီး သတင်းပေးဒလံတစ်ဦးအဖြစ် နာမည်ကျော်ကြားနေတဲ့ တကောင်ငကျွဲ ခေါ် ကျော်ဇင်ဝင်းဟာ သူ့ရဲ့နေအိမ်မှာရှိနေစဉ် ကားတစ်စီးနဲ့ လူ ၂ ဦးရောက်ရှိလာပြီး သေနတ်နဲ့ ၂ ချက်ပစ်ခတ်သွားခဲ့တာလို့ မျက်မြင်တွေ့သူတွေက ပြောကြပါတယ်။

သေနတ်နဲ့အပစ်ခံရပြီး ဒဏ်ရာရရှိသွားတဲ့ တကောင်ငကျွဲကို ဘားအံမြို့ တောင်ကလေးစစ်ဆေးရုံကို ပို့ဆောင်စဉ်မှာ သေဆုံးသွားခဲ့တယ်လို့ ဒေသအာဏာပိုင်တစ်ဦးက အတည်ပြုပြောကြားပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက CCTV ကင်မရာမှတ်တမ်းကနေတစ်ဆင့် ရှာဖွေစစ်ဆေးမှုတွေလုပ်ဆောင်နေသလို မြို့တွင်းအဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာလည်း ရှာဖွေမှုတွေ လုပ်ဆောင်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တကောင်ငကျွဲဟာ စစ်ကောင်စီအားပေးထောက်ခံသူဖြစ်ပြီး သတင်းပေးဒလံတစ်ဦးဖြစ်သလို ဆန္ဒပြပွဲကာလက လူငယ်တွေရဲ့ သပိတ်စခန်းဖြိုခွင်း ဖမ်းဆီးခံရတဲ့ကိစ္စတွေမှာလည်း သူ့ကြောင့်ပါဝင်တယ်လို့ မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။

တကောင်ငကျွဲဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၀ ရွေးကောက်ပွဲက ကရင်ပြည်နယ်မှာ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ တသီးပုဂ္ဂလိက ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ဝန်ကြီးချုပ်ဟောင်းနဲ့ စည်ပင်ဝန်ကြီးဟောင်းတို့ကိုလည်း အဂတိအမှုနဲ့ တိုင်ကြားဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်မှာထိုင်းဘက်ကကုန်စည်သယ်လာတဲ့ကုန်ကားတွေကို အာဏာသိမ်းစစ်တပ်ကအဖမ်းအဆီးတင်းကျပ်နေပြီးလက်ရှိသြဂုတ်လ တတိယပတ်အတွင်းကားအစီးရေ ၈၀ ခန့်ကိုဖမ်းဆီးထားတယ်လို့ ကုန် သည်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

Facebook